The network connection is lost.

Banner Image

ရိုးမားတိုက်စစ်မှူး ဒိုင်ဘားလားကို ခေါ်ယူဖို့ ဘိုကာဂျူနီယာရဲ့ အစီအစဉ်ကို ကြားဝင်ဖြတ်လုဖို့ကြိုးစားလာတဲ့ ဖလာမင်ဂို

ရိုးမားတိုက်စစ်မှူး ပေါ်လိုဒိုင်ဘားလားဟာ လက်ရှိမှာတော့ တောင်အမေရိကကလပ်အသင်းတွေရဲ့ အပြောင်းအရွှေ့ အားပြိုင်မှုအလယ်မှာ ရောက်ရှိနေပါတယ်။

ရိုးမားအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အာဂျင်တီးနားလက်ရွေးစင်ကစားသမားကို ဘိုကာဂျူနီယာအသင်းက ဒီနွေရာသီမှာ အမိမြေဆီ ပြန်လည်ခေါ်ဆောင်သွားဖို့ အလွန်အမင်း ဆန္ဒရှိနေတာပါ။ ဘိုကာအသင်းက ဒိုင်ဘားလားနဲ့ အဆက်အသွယ်လုပ်ထားသလို တိုက်စစ်မှူးအတွက် ကနဦးစာချုပ်ကမ်းလှမ်းမှုတစ်ခုကိုလည်း ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဘရာဇီးလ်အင်အားကြီးကလပ် ဖလာမင်ဂိုအသင်းကလည်း ဒီအပြောင်းအရွှေ့မှာ ပါဝင်လာခဲ့ပြီး ကိုယ်ပိုင်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ UOL က ဖော်ပြခဲ့ပါတယ်။

ဖလာမင်ဂိုအသင်းဟာ ဒိုင်ဘားလားကို ဘိုကာအသင်းထက် ပိုမိုသာလွန်တဲ့ အခြေအနေတွေနဲ့အတူ ၄ နှစ်သက်တမ်းရှိ စာချုပ်တစ်ခု ကမ်းလှမ်းထားတာပါ။ အသက် ၃၂ နှစ်အရွယ် ဝါရင့်ကစားသမားနဲ့ နီးစပ်သူတွေကတော့ လက်ရှိရောက်ရှိနေတဲ့ ကမ်းလှမ်းမှုနှစ်ခုကြောင့် ဒိုင်ဘားလားအနေနဲ့ "သူ့ရဲ့နှလုံးသားနဲ့ ငွေကြေးဓန" ကြားမှာ တစ်ခုကို ရွေးချယ်ရတော့မယ်လို့ ဝန်ခံပြောကြားခဲ့ကြပါတယ်။