The network connection is lost.

Banner Image

နွေရာသီဒုတိယမြောက်ခေါ်ယူမှုပြုလုပ်နိုင်ဖို့ နီးစပ်နေတဲ့ အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်ဟာ နွေရာသီဒုတိယမြောက်ခေါ်ယူမှုအဖြစ် အေဂျက်ဂိုးသမား ဆက်ချ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလအစောပိုင်းတုန်းက အာဆင်နယ်ဟာ အဓိကဂိုးသမား ရာယာကို ဘရန့်ဖို့ဒ်ထံကနေ အပြီးသတ်ခေါ်ယူထားခဲ့ပါတယ်။အာတီတာနဲ့ ဂိုးနည်းပြ အီနာကီကာနာတို့ကတော့ အခုနွေရာသီအသင်းရဲ့ ဂိုးသမားပိုင်းကို အဆင့်မြှင့်တင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ရမ်စ်ဒေးလ်ကို သင့်တော်တဲ့ကမ်းလှမ်းမှုရလာရင် လက်လွှတ်ဖွယ်ရှိနေပြီး သူ့နေရာအတွက် အက်စ်ပန်ညိုဂိုးသမား ဂါစီယာကို ပစ်မှတ်ထားနေပါတယ်။ အာဆင်နယ်ဟာ ဝုဗ်ဂိုးသမား ဘန်တလေကို ပေါင် ၅ သောင်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အသက် ၃၀ အရွယ်ဂိုးသမားဟာ အာဆင်နယ်ရဲ့တတိယဂိုးသမား နေရာအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ဆက်ချ်ဖို့ဒ်ဟာ လာမယ့်အပတ်မှာ အာဆင်နယ်နဲ့ ဆေးစစ်မှုခံယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ အာဆင်နယ်နဲ့ အာတီတာတို့ဟာ လာမယ့်နွေရာသီမှာ နောက်ထပ်ကစားသမားအသစ်တွေ ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

“မှန်ပါတယ်။ ယူရိုကော ကိုပါအမေရိကဖလားပါရှိနေတာကြောင့် အရမ်းခက်ခဲတဲ့နွေရာသီဖြစ်နေပါတယ်။ အဲ့တာက မတူညီပါဘူး။ အရာအားလုံးက နှေးကွေးနေတယ်လို့ ပြောနိုင်ပါတယ်။ ဈေးကွက်ကလည်း စည်းမျည်းအသစ်တွေကြောင့် အသင်းတော်တော်များများက သတိထားနေပါတယ်။ ပြီးခဲ့တဲ့ရာသီ အနည်းငယ်ကတည်းက အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လိမ္မာပါးနပ်စွာလုပ်ဆောင်နေရတာပါ။ ကျွန်တော်တို့ အဲ့တာနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်နေရတာပါ။ ဒ့ါအပြင် အသင်းတော်တော်များများကလည်း လူအင်အားတောင့်တင်းဖို့ ခေါ်ယူနေကြပါတယ်။ အဲ့တော့ အားပြိုင်မှုတွေလည်း များလာပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။