
စလော့ ဒီလောက်အထိ ဒေါသထွက်တာ လီဗာပူးကစားသမားတွေ တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောကြားလိုက်တဲ့ ဗန်ဒိုက်
စနေနေ့ ဆောက်သမ်တန်နဲ့မှာ လီဗာပူး နည်းပြ အာနီစလော့ဟာ ပထမပိုင်းပြီးချိန်မှာ အရမ်းကို ဒေါသထွက်နေပြီး ဒီလိုဖြစ်တာကို တစ်ခါမှ မမြင်ဖူးခဲ့ဘူးလို့ ဗန်ဒိုက် ပြောကြားလိုက်ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်တဲ့ လီဗာပူးဟာ ဆောက်သမ်တန်ကို ၁-၀ ဂိုး နဲ့ နောက်က လိုက်ကစားနေခဲ့ရချိန်မှာ ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံထားရလို့ ပွဲကြည့်စဉ်မှာ ရှိနေတဲ့ စလော့က သူ့ကစားသမားတွေကို ပြစ်တင်ဆူပူခဲ့ပြီး ကစားသမား ၃ ဦး အထိ လူစားလဲခဲ့ကာ ၃-၁ ဂိုး နဲ့ အနိုင်ရဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။
အသင်းခေါင်းဆောင် ဗန်ဒိုက်က အန်ဖီးလ်မှာ ပထမ ၄၅ မိနစ်အတွင်း သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြရဲ့ စိတ်တိုမှုဟာ မှန်ကန်တယ်လို့ ခံစားခဲ့ရပြီး ဒါက သူ မြင်ဖူးသမျှထဲက စလော့ ရဲ့ အဆိုးဆုံး စိတ်ဆိုးမှုလို့ပြောလိုက်ပါတယ်။ "ဟုတ်ပါတယ် ဒါပေမယ့် ပထမပိုင်းကို ကြည့်ရင် သူ ဒေါသထွက်ခွင့်ရှိပါတယ်။ သူ့ရဲ့ ရှုထောင့်ကနေ ကြည့်ရင်လည်း ဒါကို မြင်ရတာ ပိုပြီး စိတ်ပျက်စရာ ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်"
"ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ အားလုံး လိုချင်တာနဲ့ သူ လိုချင်တာကို လုပ်နိုင်ခဲ့ပြီး အခု ဆက်သွားရမှာပါ" "သူ မပျော်ခဲ့ပါဘူး။ အဲ့ဒီလို ဖြစ်ဖို့ အခွင့်အရေး အပြည့်ရှိခဲ့ပါတယ်။ ပထမပိုင်း စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဘယ်သူမှ တကယ် မပျော်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး လူသားတွေပါလေ ပထမပိုင်းကို အဲဒီလို ကစားဖို့ ရည်ရွယ်ချက် မရှိခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပါတယ်။ ဒါက ဘောလုံးရဲ့ တစ်စိတ်တစ်ပိုင်းပါ" လို့ ဗန်ဒိုက်က ပြောပါတယ်။ ဗန်ဒိုက်နဲ့ ဂိုးသမား အလီဆင်တို့ဟာ ဆောက်သမ်တန်အတွက် ဝီလ်စမောလ်ဘုန်းရဲ့ သွင်ဂိုးတွင်း အမှားကျူးလွန်ခဲ့ကြသူတွေပါ။
ခံစစ်မှူး ဗန်ဒိုက်က "တစ်ခါတလေ ဒီလို အရာတွေက ဘောလုံးမှာ ဖြစ်တတ်ပါတယ်၊ ကံမကောင်းစွာနဲ့ပါ။ အဲဒီအပြင် တခြား ပြဿနာတွေ သိပ်မရှိခဲ့ဘူးလို့ ထင်ပါတယ်။ ဒါက ဆက်သွယ်မှု လွဲချော်တာပါ" လို့ ပြောပါတယ်။ ရောဘတ်ဆန်ကတော့ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ပြန်လည် ဦးဆောင်လာမှုမှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ပါတယ်။ "ကျွန်တော်တို့ ပွဲကို ပထမ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ တော်တော်ကောင်းကောင်း စနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် နောက် ၃၅ မိနစ်က ဘယ်လိုမှ မလုံလောက်ခဲ့ဘူး။ ကျွန်တော်တို့ နည်းနည်း ထုံထိုင်းနေပြီး ပင်ပန်းနေပုံရပါတယ်" လို့ ပြောပါတယ်။
ရောဘတ်ဆန်ဟာ ဟာဗီအဲလီယော့နဲ့ မက်အယ်လစ္စတာတို့နဲ့အတူ ဝင်ရောက်ခဲ့ပြီး စကော့တလန်ဘယ်နောက်ခံလူက "ဟာဗီက ဗုဒ္ဓဟူးနေ့ညမှာ သူလုပ်ခဲ့တဲ့ အရှိန်ကိုအမြင့်ဆုံးမှာ ဆက်ထိန်းခဲ့တယ် သူ အတော်လေး ကောင်းခဲ့ပါတယ်။ မက်ကာက ဒီရာသီတစ်လျှောက် အမြဲခြေစွမ်းပြနေခဲ့ပါတယ်။ ကျွန်တော်ကတော့ ဒီအချိန်မှာ ဘာလုပ်နိုင်တယ်ဆိုတာ သိပါတယ်"