The network connection is lost.

Banner Image

ဘရိုက်တန်ကို အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ဝင်ရောက်လာတဲ့ လီဗာပူး

လီဗာပူး ၂-၀ ဘရိုက်တန် (ပွဲပြီးရလဒ်)

အခုအန်ဖီးလ်ကွင်းပွဲစဉ်မှာ လီဗာပူးက ကြွေတက်နေတဲ့ ဘရိုက်တန်ကို ဧည့်ခံကစားရချိန် အခုဘောလုံးရာသီအတွက် ပထမဆုံးပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲကို ရှာဖွေခဲ့ပါတယ်။ လီဗာပူးက ပထမပိုင်းပွဲချိန်အတွင်း လီဝစ်ဒန့်ခ်ရဲ့ O.G၊ အီဆက်ရဲ့သွင်းဂိုးဖြင့် ပြိုင်ဘက်ကို နှစ်ဂိုးပြတ်ဦးဆောင်ကစားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ ဘရိုက်တန်က ချေပဂိုးရရှိနိုင်ရေး တိုက်စစ်မြှင့်ကစားလာပေမဲ့ ပြိုင်ဘက်ခံစစ်ပိုင်းကို မကျော်ဖြတ်နိုင်ဘဲ အဝေးကွင်းအမှတ်ဗလာနဲ့သာ အိမ်ပြန်သွားခဲ့ရပါတယ်။