The network connection is lost.

Banner Image

မန်စီးတီးရဲ့ခြေထပ်ချော်မှုကို အခွင့်ကောင်းမယူနိုင်ဘဲ သရေလိုက်ကျခဲ့တဲ့ အာဆင်နယ်

နယူးကာဆယ် ၂ - ၂ အာဆင်နယ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းက ပထမပိုင်းအတွင်းမှာ နယူးကာဆယ်ကို အလုံးစုံအသာစီးရယူနိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှုမရှိအောင် စွမ်းဆောင်ပြခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ကစားအားကျသွားတာကြောင့် သရေတစ်မှတ်ရဖို့တောင် နောက်ကလိုက်ကစားခဲ့ရပါတယ်။

နယူးကာဆယ်က ပထမပိုင်းမှာ အာဆင်နယ်ကို ယှဉ်ကစားနိုင်ဖို့ ခက်ခဲခဲ့ပေမဲ့ ဒုတိယပိုင်းမှာ နည်း​ပြ ဂျေဆဲလ်ရဲ့လူစားလဲမှန်ကန်မှုတွေနဲ့အတူ ကစားအားချက်ချင်းတက်လာခဲ့ပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဂိုးသမား ဟိုစီနက်ရဲ့ ကာကွယ်မှု အားနည်းချက်ကြောင့် ချေပဂိုးပြန်ပေးခဲ့ရပြီး အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ အာဆင်နယ်က တစ်ဖက်မှာ ဖူလ်ဟမ်နဲ့ သရေကျသွားတဲ့ ဆုဖလားပြိုင်ဘက် မန်စီးတီးရဲ့ခြေချော်မှုကို အခွင့်ကောင်းမယူနိုင်ခဲ့တာကြောင့် အမှတ်ဖြတ်ခွင့်ဆုံးရှုံးသွားခဲ့ပါတယ်။