The network connection is lost.

Banner Image

အေစီမီလန်နောက်ခံလူဒီဝင်းတားကို ခေါ်ယူဖို့ တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့ အပြိုင်စိတ်ဝင်စားနေ

အေစီမီလန်နောက်ခံလူ ကိုနီဒီဝင်းတားကို ခေါ်ယူဖို့အတွက် တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့ စဉ်းစားချိန်တွက်နေကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီ၊ အေစီမီလန်မှာ ရူဘင်အာမိုရင်ရဲ့သုံးယောက်တန်းခံစစ်အတွက် အလယ်ဗဟိုနောက်ခံလူအဖြစ် ပါဝင်ကစားရင်း အထင်ကြီးဖွယ် ခြေစွမ်းပြသနေပါတယ်။

ဒီဝင်းတားက ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း လက်ငင်းပြောင်းရွှေ့ကြေး ယူရို ၁၈ သန်းနဲ့ အပိုဆုကြေး ၂ သန်း၊ စုစုပေါင်း ယူရိုသန်း ၂၀ ဖြင့် အေစီမီလန်ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

TeamTalk ရဲ့ဖော်ပြချက်အရ တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့ရဲ့ကင်းထောက်တွေက ဒီရာသီမှာ ဒီဝင်းတားရဲ့ကစားပုံကို သွားရောက်စောင့်ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလိုစောင့်ကြည်တယ်ဆိုတာ ဒီကလပ်အသင်းနှစ်ခုတည်းတော့ မဟုတ်ပါဘူး။ လိဒ်နဲ့ ဘရန့်ဖို့ဒ်တို့ကလည်း မကြာသေးမီသီတင်းပတ်တွေအတွင်း ဒီနောက်ခံလူရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ အသီးသီး စေလွှတ်ခဲ့ကြပါတယ်။

ယခင်က လီဗာပူး၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့နဲ့လည်း သတင်းထွက်ပေါ်ခဲ့ဖူးပေမဲ့ ဒီထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ပစ်မှတ်စာရင်းမှာ ဒီဝင်းတားက သိပ်ပြီးတော့ ရေပန်းမစားလှပါဘူး။