ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကို ၂၀၃၂ ခုနှစ်အထိ တိုးမြှင့်လိုက်တဲ့ အာဒါဂူလာ
ယမန်နေ့(ဗုဒ္ဓဟူးနေ့)မှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အာဒါဂူလာက စပိန်ထိပ်သီးကလပ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကို ၂၀၃၂ ခုနှစ်အထိ တိုးမြှင့်လိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ် တူရကီကြယ်ပွင့်က ၂၀၂၃ ခုနှစ်အတွင်း ဖီနာဘာချီမှ မက်ဒရစ်ဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ထုတ်ပြန်ချက်မှာ "၂၀၃၂ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ ကလပ်အသင်းမှာ ဆက်လက်ရှိနေမယ့် အာဒါဂူလာရဲ့စာချုပ်သက်တမ်းတိုးမြှင့်မှုအတွက် သဘောတူညီမှု ရရှိခဲ့ပါပြီ" လို့ ဖော်ပြထားပါတယ်။
ဂူလာက အခုဘောလုံးရာသီ၊ မော်ရင်ဟိုရဲ့အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး ပြိုင်ပွဲစုံ ၁၄ ပွဲကစား၊ လေးဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ပေးထားပါတယ်။
ပွဲကစားချိန်ရရှိဖို့ ပြိုင်ဆိုင်မှု ပြင်းထန်နေပေမဲ့လည်း ဒီတူရကီလက်ရွေးစင်ကစားသမားက မက်ဒရစ်ရဲ့အဓိကကွင်းလယ်ဖန်တီးရှင်တွေအနက် တစ်ဦးအဖြစ် သက်သေပြထားနိုင်ပါတယ်။