၂၀၂၇ ခုနှစ်မှာ ဗန်ဒိုက်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ ဘာစီလိုနာ စိတ်မဝင်စား
ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်မှာ ၂၀၂၇ ခုနှစ်အတွက် အပြောင်းအရွှေ့အစီအစဉ်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ အစီအမံတစ်ခု ရှိထားပါတယ်။
လာလီဂါချန်ပီယံဆုဖလားကို သုံးကြိမ်ဆက်ဆွတ်ခူးပြီး လာမယ့်နွေရာသီမှာ ငွေကြေးသုံးစွဲနိုင်စွမ်း ပိုမိုအားကောင်းလာစေဖို့ ဟန်စီဖလစ်ခ် မျှော်လင့်ထားတာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘာစီလိုနာရဲ့လှုပ်ရှားမှု ကြီးကြီးမားမား မရှိနိုင်ပါဘူး။
ဒါပေမဲ့ သင့်တော်တဲ့ ကစားသမားမျိုးသာ ရှာတွေ့မယ်ဆိုရင် ဈေးသက်သာတဲ့ ခေါ်ယူမှုတွေနဲ့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူမှုတွေကိုတော့ ကလပ်အသင်းဘက်က လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။
El Nacional ရဲ့ဖော်ပြချက်အရ ဟန်စီဖလစ်ခ်က ပရီးမီးယားလိဂ်ရဲ့အလွတ်ပြောင်းရွှေ့ကြေးဈေးကွက်ဆီ ဝင်ရောက်ရှာဖွေဖို့ အသင့်ရှိနေပေမဲ့ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အသင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗန်ဒိုက်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကို ခေါ်ယူဖို့တော့ မစဉ်းစားထားဘူးလို့ သိရပါတယ်။
ယူနိုက်တက်ဆီမှာ ဘရူနိုဖာနန်ဒက်စ်အတွက် နောက်ထပ် ၁၂ လ သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက် ရှိနေပေမဲ့ ကစားသမားနှစ်ဦးလုံးရဲ့စာချုပ်က ၂၀၂၇ ခုနှစ်၊ ဇွန်လမှာ သက်တမ်းကုန်ဆုံးဖို့ ရှိသလို အန်းဖီးလ်မှာ စာချုပ်သစ်ကမ်းလှမ်းမှု မရရှိသေးဘူးဆိုတဲ့ သဘောမျိုးလည်း ဗန်ဒိုက်က အရိပ်အမြွက် ပြောဆိုထားပါတယ်။
ဗန်ဒိုက်က လာမယ့်ဇူလိုင်လမှာ အသက် ၃၆ နှစ် ပြည့်မြောက်ဖို့ရှိပြီး ဘရူနိုဖာနန်ဒက်စ်ကလည်း အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်လို့ ဘာစီလိုနာရဲ့ရေဒါထဲမှာ ပိုမိုငယ်ရွယ်တဲ့ကစားသမားတွေကိုသာ လိုလားနေပါတယ်။
ဒါ့အပြင် တခြားသောပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ရစ်ချာလီဆန်နဲ့ မီတိုမာတို့ကိုလည်း ပစ်မှတ်စာရင်းမှ ဟန်စီဖလစ်ခ်က ပယ်ဖျက်ထားပါတယ်။