The network connection is lost.

Banner Image

သူရမ် နုတ်ထွက်သွားပြီးနောက် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံရတဲ့ ဘုန်းမောက်ကြယ်ပွင့် ခရူပီ

ဒဏ်ရာရရှိသွားတဲ့ မားကပ်စ်သူရမ်ရဲ့နေရာမှာ အစားထိုးဖို့ ဘုန်းမောက်တိုက်စစ်မှူး ခရူပီကို လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခဲ့တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF) က အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ခရူပီက ဘုန်းမောက်ဆီ မပြောင်းရွှေ့မီ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ လော်ရီယန့်အသင်းအတွက် ၂၂ ဂိုး သွင်းယူပေးခဲ့ပြီး ပြင်သစ်ဒုတိယတန်းလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ပြင်သစ် ယူ-၂၁ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားပေးခဲ့ဖူးတဲ့ အသက် ၂၀ နှစ်အရွယ် တိုက်စစ်မှူးက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ခရီးလမ်မှာ ၁၃ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

ခရူပီက ခြေထောက်ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် အခုဘောလုံးရာသီမှာ ပြိုင်ပွဲစုံလေးပွဲသာ ပါဝင်ကစားထားနိုင်ပါတယ်။

သူရမ်ကတော့ ညာပေါင်ကြွက်သားဒဏ်ရာ ရရှိနေပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းက ကြာသပတေးနေ့၊ မီလန်မြို့မှာ အီတလီအသင်းနဲ့ ရင်ဆိုင်ကစားပြီးနောက် တနင်္ဂနွေနေ့၊ ဘော်ဒိုးမြိုကမှာ တူရကီနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။

ပြင်သစ်က နေးရှင်းလိဂ်ကွာတားဖိုင်နယ်တက်ရောက်ဖို့အတွက် အီတလီနဲ့ပွဲစဉ်မှာ အနိမ့်ဆုံးသရေတစ်မှတ်ရယူဖို့ လိုအပ်နေပါတယ်။