အန်ဖီးလ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားတဲ့ မန်စီးတီး
လီဗာပူး ဝ-၃ မန်စီးတီး (ပွဲပြီးရလဒ်)
အခုပွဲစဉ်ရဲ့ ပွဲချိန်တစ်နာရီဝန်းကျင်လောက်အထိ လီဗာပူးရော၊ မန်စီးတီးပါ အပိုင်အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန်တစ်နာရီကျော်မှာပဲ ကြီးမားတဲ့အလှည့်အပြောင်းအဖြစ် လီဗာပူးကွင်းလယ်ကစားသမားဂရာဗန်ဘတ်ချ် နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံလိုက်ရလို့ မန်စီးတီးတို့ ကစားသမားတစ်ဦး အသာစီးရရှိသွားပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာတော့ မန်စီးတီးက ဟာလန်း၊ ဒိုကူ၊ ချာကီတို့ရဲ့ အဖိုးတန်အနိုင်ဂိုးတွေနဲ့အတူ အန်ဖီးလ်ကွင်းမှာ ဂိုးပြတ်အနိုင်ရရှိပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ တဖက်မှာလည်း လီဗာပူးက မန်စီးတီးကို အန်ဖီးလ်မှာရင်ဆိုင်ရချိန် အခုဘောလုံးရာသီ၊ ပထမဆုံးလိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။