ခရိုအေးရှားနဲ့အတူ မက်ဆီ၊ စီရော်နယ်ဒိုတို့ရဲ့စံချိန်တွေကို လိုက်မီဖို့ အသင့်ဖြစ်နေတဲ့ လူကာမိုဒရစ်
ခရိုအေးရှားအသင်းခေါင်းဆောင်လူကာမိုဒရစ်က နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ကို စွန့်လွှတ်သွားမယ့်အစီအစဉ် လတ်တလောမှာ မရှိသေးဘူးဆိုတဲ့ သူ့ရဲ့ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုလာပါတယ်။
အခုနိုင်ငံတကာသီတင်းပတ်အတွင်း ခရိုအေးရှားရဲ့နေးရှင်းလိဂ်ပွဲစဉ်တိုင်းမှာ လူကာမိုဒရစ် ပါဝင်ကစားခဲ့ပြီး ပွဲစဉ်သုံးခုအတွက် ပွဲထွက်ပါဝင်ခဲ့ပါတယ်။ သူက ယူရို ၂၀၂၈ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။
အသက် ၄၁ နှစ်အရွယ်ကစားသမားက အေစီမီလန်မှာ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကုန်အထိ စာချုပ်သက်တမ်း ရှိနေပြီး သူ့ရဲ့ခြေစွမ်းနဲ့ကြံ့ခိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင် နောက်ထပ် ၁၂ လ သက်တမ်းတိုးသွားဖို့အတွက် စီးရီးအေကလပ်အသင်းကိုယ်တိုင် လမ်းဖွင့်ပေးထားပါတယ်။
လက်ရှိမှာ မိုဒရစ်က လက်ရွေးစင်အဆင့်ပွဲစဉ် ၂၀၆ ပွဲအထိ ပါဝင်ကစားထားပြီး လက်ရွေးစင်ကစားသမားဘ၀အနားယူသွားတဲ့ မက်ဆီနဲ့ နှစ်ပွဲအကွာ၊ ပေါ်တူဂီအသင်းမှာ ပြဿနာတက်နေတဲ့ စီရော်နယ်ဒိုနဲ့ ၂၈ ပွဲအကွာဆီ ရောက်ရှိလာပါတယ်။ ဒါ့အပြင် မိုဒရစ်က လာမယ့်နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မှာလည်း ပါဝင်ဆင်နွှဲသွားဖို့ အသင့်ရှိနေပါတယ်။
"ကျွန်တော် အခြေအနေ ကောင်းပါတယ်။ ကျွန်တော့်မှာ စိတ်အားထက်သန်မှု၊ ရည်မှန်းချက်နဲ့ ခွန်အားတွေ ရှိနေဆဲပါပဲ။ ဒီလို ခံစားနေရသရွေ့ ကျွန်တော် ဆက်ကစားစသွားချင်ပါတယ်။ ဘယ်လောက်အထိ ကြာမလဲဆိုတာတော့ ကျွန်တော် မသိပါဘူး"
"ဒါက နှစ်လ၊ ခြောက်လ၊ ဒါမှမဟုတ် တစ်နှစ်လောက် ဖြစ်နိုင်ပါတယ်... အခု စကားတစ်ခွန်းပြောလိုက်ပြီးမှ နောက်ပိုင်းနောင်တရတာမျိုး ကျွန်တော် မဖြစ်ချင်ပါဘူး။ ကျွန်တော်က တစ်ဆင့်ပြီးတစ်ဆင့်သာ သွားပါမယ်။ တစ်လပြီး တစ်လ... ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အခြေအနေကို နားထောင်ဖို့လိုအပ်ပြီး နောက်ပိုင်းမှာမှ စိတ်အေးလက်အေး ဆုံးဖြတ်သွားပါမယ်"
"ဒါ ကျွန်တော့်ရဲ့ နောက်ဆုံးနှစ် ဖြစ်မလား သို့မဟုတ် ဒီထက် ပိုကြာကြာဆက်ကစားနိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ရှိပေမဲ့ ကျွန်တော် အဆင်ပြေနေပါတယ်" လို့ သူက ဆိုပါတယ်။