The network connection is lost.

Banner Image

ချက်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို အိုရွိုင်လေနဲ့ ကွန်ဆာ လွဲချော်သွားလို့ ခေါင်းခဲနေတဲ့ တူချယ်

အိုရွိုင်လေနဲ့ ကွန်ဆာတို့ နှစ်ဦးလုံးကို လက်လွှတ်လိုက်ရလို့ အင်္ဂလန်နည်းပြသောမတ်စ်တူချယ်တော့ လူစာရင်းပိုင်းအပြောင်းအလဲတွေ ပြုလုပ်သွားရပါတော့မယ်။

ပြီးခဲ့တဲ့သီတင်းပတ်က စပိန်ကို ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် အင်္ဂလန်က အင်္ဂါညပိုင်း၊ ချက်အသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး အခုအချိန်ထိတော့ နောက်ဆုံးခြောက်ပွဲဆက် Clean Sheet ပျောက်ဆုံးထားပါတယ်။

ကွန်ဆာနဲ့ အိုရွိုင်လေတို့က စနေနေ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ကြပေမဲ့ ချက်နဲ့ပွဲစဉ်မတိုင်ခင် လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့လို့ အင်္ဂါနေ့ပွဲစဉ်မှာ သူတို့ မပါဝင်နိုင်ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အင်္ဂလန်က အခုနိုင်ငံတကာသီတင်းပတ်အတွင်း ကိုးလ်ပယ်လ်မာ၊ ဒီကလန်ရိုက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ မိုင်နူးအပါအဝင် လူစာရင်းမှနုတ်ထွက်သူတွေ များပြားခဲ့လို့ ထိုးနှက်ချက်ကြီးနဲ့ ရင်ဆိုင်ထားရပါတယ်။

အခုတော့ ခရိုအေးရှားနဲ့အဖွင့်ပွဲစဉ်မှာ အရေးနိမ့်ထားတဲ့ ချက်အသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အိုရွိုင်လေနဲ့ ကွန်ဆာတို့ မပါဝင်နိုင်တော့လို့ တူချယ်ကိုယ်တိုင် သူ့အသင်းလူစာရင်းထဲမှာ နောက်ထပ်ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရလိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လူအပြောင်းအလဲအများအပြားပြုလုပ်ရမယ့် အင်္ဂလန်အသင်းအတွက် အိုရွိုင်လေရဲ့ဘယ်နောက်ခံလူနေရာကို လီဝစ်ဟောလ် အစားထိုးဝင်ရောက်လာဖွယ်ရှိပြီး ဗဟိုခံစစ်ပိုင်းမှာတော့ ဂူဟီရဲ့တွဲဖက်နေရာအတွက် ချာလိုဘာနဲ့ ဘရန့်ဝိတ်တို့ ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။

ဒါ့အပြင် အာနိုးလ်ကလည်း ၂၀၂၅ ခုနှစ်၊ ဇွန်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွမ်ဆာရဲ့ ညာနောက်ခံလူနေရာကို အစားထိုးဝင်ရောက်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်တာကာလအတွင်း မျက်နှာသာပေးမခံရတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်နဲ့ပတ်သက်လို့ တူချယ်က အခုလို ဖွင့်ဟပြောကြားခဲ့ပါတယ်။

"သူရဲ့သီတင်းတစ်ပတ်တာလေ့ကျင့်မှု အလွန်ကောင်းမွန်ခဲ့သလို ပွဲစဉ်အပြီး ဝင်ဘလေကွင်းမှာလည်း အကောင်းဆုံးလေ့ကျင့်နိုင်ခဲ့ပါတယ်။ သူ့မှာ ကစားချင်စိတ် အပြည့်အဝရှိနေပြီး ကျွန်တော်တို့နဲ့အတူ ရှိနေချင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ ဒီနေ့လေ့ကျင့်ရေး အစီအစဉ်လည်း ကောင်းမွန်ခဲ့သလို အရာအားလုံး အဆင်ပြေပါတယ်။ သူ ပွဲထွက်ဖို့ အသင့်ပါပဲ" လို့ တူချယ်က ပြောကြားခဲ့ပါတယ်။