The network connection is lost.

Banner Image

ယူရို ၂၀၂၈ မတိုင်မီ အင်္ဂလန်အသင်းသာ သူ့ရဲ့ ဦးစားပေးအဖြစ် ဆက်ရှိနေတယ်လို့ တူချယ် အခိုင်အမာပြောဆို

အနာဂတ်နဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့ ထင်ကြေးပေးမှုတွေကို အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ပယ်ချခဲ့ပြီး အနည်းဆုံး ယူရို-၂၀၂၈ ပြိုင်ပွဲအထိ အသင်းကို ဆက်လက်တာဝန်ယူကိုင်တွယ်သွားမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ကလပ်အသင်းတွေကို ကိုင်တွယ်ရတဲ့ အတွေ့အကြုံကို လွမ်းမောမိတယ်လို့ ဝန်ခံခဲ့ပေမဲ့ သူ့ရဲ့စာချုပ်သက်တမ်းတိုးမှုမှာ စာချုပ်ဖျက်သိမ်းကြေး မပါဝင်ဘူးလို့လည်း ချဲလ်ဆီးနည်းပြဟောင်းက အတည်ပြုခဲ့ပါတယ်။

အင်္ဂလန်နဲ့အတူ မပြီးပြတ်သေးတဲ့ တာဝန်တွေ ရှိနေသလို ယူရို ၂၀၂၈ ပြိုင်ပွဲပြီးဆုံးချိန်အထိ အသင်းမှာ ဆက်ရှိနေနိုင်တယ်လို့ တူချယ်က အလေးအနက် ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ပိုချက်တီနိုတို့အကြား ချိတ်ဆက်ထားတဲ့ သတင်းတွေအကြား တူချယ်ရဲ့ကတိကဝတ်တွေ ထွက်ပေါ်လာပါတယ်။ ပိုချက်တီနိုက အမေရိကန်လက်ရွေးစင်အသင်းနည်းပြရာထူးကို စွန့်ခွာကာ ယူနိုက်တက်မှာ မိုက်ကယ်ကာရစ်ရဲ့နေရာကို အစားထိုးတာဝန်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် တူချယ်က "ထွက်ခွာဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး လုံး၀မရှိပါဘူး။ ယူရိုပြိုင်ပွဲအထိ ကျွန်တော် ဆက်ရှိနေချင်ပါတယ်။ ယူရိုပြိုင်ပွဲကိုလည်း ဖြတ်သန်းချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ မပြီးပြတ်သေးတဲ့ တာဝန်တွေ ရှိနေပါတယ်" လို့ ပြောပါတယ်။

"ကျွန်တော်က ကျွန်တော့်ရဲ့ကစားသမားတွေကို သဘောကျတယ်၊ နည်းပြအဖွဲ့ဝင်တွေကို လည်း သဘောကျသလို ကျွန်တော့်အပေါ် ယုံကြည်တဲ့ အထက်လူကြီးတွေလည်း ရှိပါတယ်။ ဒါကို ကျွန်တော် အများကြီး တန်ဖိုးထားပါတယ်။ ကျွန်တော့် ကစားသမားတွေ၊ ကျွန်တော့်အသင်းနဲ့ တစ်နှစ်မှာ ကျွန်တော်ကိုယ်တိုင်မပါဝင်ရတဲ့ ပွဲ ၅၀ လောက်ကို လွမ်းမိတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ အနိုင်ရဖို့နဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာဖို့အတွက် ကျွန်တော် အလွန်အမင်း စိတ်အားထက်သန်နေပါတယ်" လို့ ဆိုပါတယ်။