The network connection is lost.

Banner Image

စပိန်ထက် အင်္ဂလန် ပိုမိုသာလွန်ခဲ့ပြီး ရှုံးနိမ့်မှုကြောင့် သင်ခန်းစာတစ်ခု ရရှိစေတယ်လို့ အူနိုင်းဆိုင်မွန် ဖွင့်ဟ

အူနိုင်းဆိုင်မွန်က အင်္ဂလန်ကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့မှုနဲ့ပတ်သက်လို့ သူ့ရဲ့ခံစားချက်ကို ဖွင့်ဟပြောကြားလိုက်ပါတယ်။

တနင်္ဂနွေည၊ မက်ဒရစ်မြို့မှာ ဟယ်ရီကိန်း၊ ကွန်ဆာနဲ့ ဘန်ဝှိုက်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အင်္ဂလန်က ကမ္ဘာ့ချန်ပီယံစပိန်ကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့ချန်ပီယံနဲ့ ဥရောပချန်ပီယံစပိန်အသင်းက အဓိကပြိုင်ပွဲတွေမှာ ၄၃ ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမဲ့ အခုတော့ နေးရှင်းလိဂ်အုပ်စုအဆင့်မှာ အင်္ဂလန်ရဲ့နောက်ကောက်ချမှုနဲ့အတူ အုပ်စုဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ပွဲစဉ်အပြီး အူနိုင်းဆိုင်မွန်က အိမ်ကွင်းမှာ မိမိတို့အသင်းကို ပြိုင်ဘက်တွေ အသာစီးရယူကစားသွားပြီး ဒီရှုံးနိမ့်မှုမှတဆင့် စပိန်အတွက် သင်ခန်းစာယူရမယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ဆိုင်မွန်က "ဒီညမှာ သူတို့က ကျွန်တော်တို့ထက် ပိုသာခဲ့ပါတယ်။ သူတို့က တစ်ဦးချင်းရင်ဆိုင်မှုတွေမှာ ပြင်းပြင်းထန်ထန်ဖိအားပေးကစားသွားခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ပွဲချိန်ပြည့် ဆက်လက်ကြိုးစားဖို့ လိုအပ်ခဲ့သလို တိုက်ပွဲလည်း ဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီရှုံးပွဲကြောင့် ကျွန်တော်တို့ ဘာတွေတိုးတက်အောင် လုပ်ရမလဲဆိုတာအတွက် သင်ခန်းစာတစ်ခု ဖြစ်စေပါတယ်။ ဒါက ရှုံးထွက်အဆင့် မဟုတ်ပါဘူး။ ဒါကြောင့် ဒီရှုံးပွဲမှတဆင့် သင်ခန်းစာယူပြီး လာမယ့်မတ်လမှာ ပိုကောင်းအောင်ကစားဖို့ ပစ်မှတ်ထားနိုင်ပါတယ်"

"အခုခေတ် ရေပန်းစားနေတဲ့ 'xG' စာရင်းအင်းတွေကို ကြည့်မယ်ဆိုရင် ကမ္ဘာ့ဖလားပြီးကတည်းက ကျွန်တော်တို့က ပြိုင်ဘက်ကို အခွင့်အရေး အနည်းငယ်လောက်ပဲ ပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အဲဒီကိန်းဂဏန်းတွေ မြင့်တက်လာခဲ့ပြီး နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ပေးဂိုးတွေ ပိုများလာခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ရှိခဲ့တဲ့ အရှိန်အဟုန်ပြင်းပြင်း ကစားဟန်မျိုး ဒီမှာ သိပ်မရှိတော့ပါဘူး။ ပွဲကို ပိုပြီး လွတ်လွတ်လပ်လပ်ကစားလာကြတာကြောင့် ကျွန်တော်တို့ရဲ့အမှားတွေမှတဆင့် သင်ခန်းစာယူဖို့ လိုအပ်ပါတယ်။ လာမယ့်မတ်လမှာ ကျွန်တော်တို့ တိုးတက်လာနိုင်ဖို့အတွက် အခုလိုအချိန်မှာ အခုလို ဖြစ်သွားတာက ပိုကောင်းပါတယ်" လို့ ပြောပါတယ်။

ဒါက အင်္ဂလန်နည်းပြအဖြစ် သောမတ်စ်တူချယ်အတွက် အကြီးမားဆုံးနိုင်ပွဲ ဖြစ်ပြီး သူ့ရဲ့အသင်းက ယူရို ၂၀၂၈ နဲ့ ၂၀၃၀ ကမ္ဘာ့ဖလားမတိုင်မီ နေးရှင်းလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ကြိုးစားသွားရပါတော့မယ်။