စိန့်ဂျိမ်းစ်ပတ်ခ်မှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ ငှက်ကျားနဲ့ ကြိုးကြာနီ
နယူးကာဆယ် ၂-၂ လီဗာပူး (ပွဲပြီးရလဒ်)
နည်းပြသစ်ကိုယ်စီဖြင့် ပွဲထွက်လာတဲ့ ကလပ်အသင်းနှစ်ခုရဲ့ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းပွဲစဉ်မှာ စိတ်လှုပ်ရှားစရာ အကြိတ်အနယ်ယှဉ်ပြိုင်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာပဲ အီလန်ဂါက တန်ပြန်တိုက်စစ်မှတဆင့် အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့လို့ ဧည့်သည်လီဗာပူးတို့ ဖိအားတွေအောက် ကျရောက်သွားပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာတော့ ချေပဂိုးရရှိဖို့ တိုက်စစ်မြှင့်တင်လာတဲ့ လီဗာပူးအတွက် ဂတ်ပိုက ချေပဂိုးသွင်းယူပေးခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ လူစားဝင်ကစားသမား ဝီလော့က အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ နာကျင်အချိန်ပိုနောက်ဆုံးမှာတော့ လီဗာပူးအတွက် အဖိုးတန်ချေပဂိုးကို ဆိုဘိုဆလိုင်းက ပယ်နယ်တီမှတဆင့် သွင်းယူခဲ့ပါတယ်။