The network connection is lost.

Banner Image

မန်စီးတီးရဲ့ ဘဏ္ဍာရေးအရှုပ်တော်ပုံအကြောင်း နှုတ်ဆိတ်မနေတော့ဘဲ ဖွင့်ဟပြောဆိုလာတဲ့ ဗန်ဒိုက်

ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေအတွက် မန်စီးတီး အပြစ်ရှိတယ်ဆိုတဲ့ စီရင်ချက်နဲ့ပတ်သက်လို့ လီဗာပူးကပ္ပတိန်ဗန်ဒိုက်က သူ့ရဲ့အမြင်ကို ဖွင့်ဟလာပါတယ်။

အန်ဖီးလ်မှာ မန်စီးတီးကို ၀-၃ ဂိုးဖြင့် စိတ်ပျက်ဖွယ်ရှုံးနိမ့်ပြီးနောက် ဒီဒတ်ချ်နောက်ခံလူက ကလပ်အသင်းနှစ်ခုအကြား ပြင်းထန်တဲ့ပြိုင်ဆိုင်မှုရှိနေခြင်းကို အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

ဒီပွဲစဉ်က စီရင်ချက်သတင်းတွေထွက်ပေါ်လာပြီးနောက် ကလပ်အသင်းနှစ်ခုအကြား ပထမဆုံးတွေ့ဆုံမှုဖြစ်လို့ မူလကတည်းက အရှိန်အဟုန်ပြင်းနေတဲ့ ပြိုင်ဆိုင်မှုကို ပိုမိုတင်းမာစေခဲ့ပါတယ်။

ပွဲစဉ်အပြီး ဒီအငြင်းပွားဖွယ်ရာကိစ္စနဲ့ပတ်သက်လို့ ပြောစရာစကားတွေ အများကြီးရှိနေတယ်လို့ ဗန်ဒိုက်က ဝန်ခံခဲ့ပေမဲ့ အသေးစိတ်ထပ်မံပြောဆိုဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

ဗန်ဒိုက်က "ဒီကိစ္စက ဆက်သွားနေတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်လို့ ကျွန်တော်ပြောနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ဒီပြိုင်ဆိုင်မှုကို ကျွန်တော် တကယ်ပဲသဘောကျနှစ်သက်ခဲ့တယ် ဆိုတာပါပဲ" လို့ ပြောပါတယ်။

"ဒါပေမဲ့ အဲဒါက ကွင်းတွင်းအပိုင်းဖြစ်ပြီး ကွင်းပြင်ပမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကတော့ လုံး၀ခြားနားတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ အမှုက ဆက်သွားနေဆဲဖြစ်လို့ ဒီအချိန်မှာ ကျွန်တော် မှတ်ချက်ပေးဖို့ မသင့်တော်ပါဘူး"

"ဒီကိစ္စ အပြီးသတ်ပြေလည်သွားချိန်ကျရင်တော့ ဒီအပေါ်မှာ ကျွန်တော့်ရဲ့မှတ်ချက်တွေကို သေချာပေါက် မျှဝေပေးသွားပါမယ်။ ဒါပေမဲ့ လောလောဆယ်တော့ စောင့်ကြည့်ကြတာပေါ့" လို့ ဆိုပါတယ်။