ကာရစ်ရဲ့နေရာမှာ အစားထိုးမယ့် နည်းပြသစ်နဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်လာနေတဲ့ မန်ချက်စတာယူနိုက်တက်
မိုက်ကယ်ကာရစ်ရဲ့အနာဂတ် မရေမရာဖြစ်နေချိန်မှာပဲ မန်ချက်စတာယူနိုက်တက်က ကွန်တီနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်လာနေပြီလို့ သိရပါတယ်။
ယာယီနည်းပြအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး လပိုင်းအကြာမှာတင် အိုးထရက်ဖို့ဒ်မှာ ကာရစ်အတွက် ကြီးမားတဲ့ဖိအားတွေ ပေါ်ပေါက်လာပါတယ်။
ယူနိုက်တက်က ပရီးမီးယားလိဂ်ရာသီအဖွင့်ခြောက်ပွဲကစားပြီးချိန် တစ်ပွဲသာအနိုင်ရရှိပြီး အမှတ်ပေးဇယားအဆင့်-၁၃ နေရာမှာ ရပ်တည်နေကာ နှစ် ၄၀ အတွင်း အဆိုးရွားဆုံးပရီးမီးယားလိဂ်ရာသီသစ်စတင်မှုနဲ့ ကြုံတွေ့နေရပါတယ်။
အီတာလျံမီဒီယာ Tuttomercatoweb ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးနဲ့ တော့တင်ဟမ်နည်းပြဟောင်း ကွန်တီကို ကလပ်အသင်းဆီ ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်တို့ နီးစပ်နေပြီလို့ သိရပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ နာပိုလီနဲ့အတူ စီးရီးအေစကူဒက်တိုချန်ပီယံဆု ဆွတ်ခူးခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲခဲ့တဲ့ ကွန်တီက လတ်တလောမှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။