The network connection is lost.

Banner Image

စွဲချက် ၁၁၅ ခုအတွက် စီရင်ချက် မထွက်ရှိလာခင်အထိ မန်စီးတီးပွဲစဉ်တင်ဆက်မှုမှ ဖယ်ရှားထားပေးဖို့ တောင်းဆိုလိုက်တဲ့ ဂယ်ရီနဗီးလ်

မန်စီးတီးအသင်းရင်ဆိုင်နေရတဲ့ စွဲချက် ၁၁၅ ခုနဲ့ပတ်သက်လို့ စီရင်ချက် မထွက်ရှိမလာမချင်း သူတို့ရဲ့ပွဲစဉ်တွေကို သုံးသပ်တင်ဆက်ခြင်း မပြုတော့ဘဲ ရပ်နားထားချင်တယ်လို့ ဂယ်ရီနဗီးလ်က ဝန်ခံပြောကြားလာပါတယ်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအပြီး ပရီးမီးယားလိဂ်စွဲဆိုထားတဲ့ စွဲချက် ၁၁၅ ခုလုံးအတွက် မန်စီးတီး အပြစ်ရှိတယ်လို့ သီးခြားလွတ်လပ်တဲ့ ခုံသမာဓီအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ငွေစာရင်းတွေကို ပေါင် ၁ ဘီလျံနီးပါးအထိ မန်စီးတီး လိမ်လည်ပြုပြင်ခဲ့တယ်လို့ အထောက်အထားတွေက ညွှန်ပြနေပေမဲ့လည်း ကလပ်အသင်းဘက်ကတော့ ဒီစီရင်ချက်ကို အယူခံဝင်ထားပြီး အပြစ်မရှိဘူးလို့ အခိုင်အမာပြောဆိုနေပါတယ်။

ဒီစီရင်ချက်ထွက်ပေါ်လာပြီးနောက် အန်ဇိုမာရက်စ်ကာရဲ့အသင်းက တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားခဲ့ပြီး သုံးဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ်အပြီး Sky Sports ဆွေးနွေးခန်းမှာ ဂယ်ရီနဗီးလ်က စွဲချက်တွေနဲ့ပတ်သက်လို့ အပြီးသတ်ဆုံးဖြတ်ချက် ထွက်ပေါ်လာမယ့်အချိန်မတိုင်ခင် မန်စီးတီးပွဲစဉ်တွေကို သုံးသပ်တင်ဆက်ခွင့် မရတော့ဘူးဆိုရင် လုံး၀ ဝမ်းသာမိလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။

နဗီးလ်က "ကျွန်တော်တို့ Podcast လုပ်နေချိန်မှာလည်း ပြောခဲ့ပါသေးတယ်။ လာမယ့်လအနည်းငယ်အတွင်း စီရင်ချက်တွေ မထွက်လာမချင်း မန်စီးတီးပွဲစဉ်တွေတင်ဆက်ရမယ့်တာဝန်မှ ကျွန်တော့်ကို ဖယ်ရှားပေးနိုင်မယ်ဆိုရင် ကျွန်တော် လုံး၀ဝမ်းသာမိပါလိမ့်မယ်" လို့ ပြောပါတယ်။

"ပွဲစဉ်အပြီးမှာတော့ ဒါက အတော်လေး ခက်ခဲတဲ့ ခံစားချက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီလလောက်မှာ အပြစ်ရှိတယ်ဆိုတဲ့ စီရင်ချက်တွေကို အတည်ပြုလိုက်မယ်ဆိုရင် မန်စီးတီးက အခုရောက်နေတဲ့နေရာမှာ မရှိနိုင်တော့သလို လိဂ်တစ်ခုလုံးအတွက်လည်း အရိပ်မည်းကြီးတစ်ခု လွှမ်းမိုးသွားနိုင်လို့ပါပဲ။ ဒါက ပရီးမီးယားလိဂ်အတွက် မကောင်းပါဘူး။ ဒီနေ့မှာ ကျွန်တော်သတိပြုမိလိုက်တဲ့ အချက်က ဒါပါပဲ" လို့ ဆိုပါတယ်။