The network connection is lost.

Banner Image

မန်စီးတီးကို လီဗာပူး ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီးကာဗာနတ်ဂျ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ကာရေဂါ

မန်စီးတီးကို ၀-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ လီဗာပူးရဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး  လီဗာပူးဂန္တဝင်ကာရေဂါက ပွဲကစားချိန်အတွင်း ဂရာဗန်ဘတ်ချ် အငြင်းပွားဖွယ်ထုတ်ပယ်ခံရမှုနဲ့ပတ်သက်လို့ ကွင်းလယ်ဒိုင်ခရစ်ကာဗာနတ်ဂျ်ကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ဒီနယ်သာလန်ကွင်းလယ်ကစားသမားက ဒိုကူအပေါ် ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ဒုတိယမြောက်အဝါကတ်ပြစ်ဒဏ် မရရှိခင် ပွဲချိန်မိနစ် ၆၀ တလျှောက်လုံး အထင်ကြီးစရာခြေစွမ်းမျိုး ပြသခဲ့ပါတယ်။

Sky Sports နဲ့ဆွေးနွေးခန်းမှာ ကာရေဂါက အန်ဒါဆန်အပေါ် ဖျက်ထုတ်မှုအတွက် ဂရာဗန်ဘတ်ချ်ကို အဝါကတ်ပြသသတိပေးခဲ့တဲ့ ကာဗာနတ်ဂျ်ရဲ့အစောပိုင်းဆုံးဖြတ်ချက်ကို ပိုမိုကြီးမားတဲ့ အမှားအယွင်းဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

"ဒါ ဒိုင်လူကြီးရဲ့ အလွန်ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ" လို့ ကာရေဂါက ပြောပါတယ်။

"ကျွန်တော့်ကို စိတ်ပျက်စေတဲ့ အရာကတော့ ဒိုင်လူကြီးက အဝါကတ်ပြဖို့ ရည်ရွယ်ချက် မရှိခဲ့တာပါပဲ။ အန်ဒါဆန် နာကျင်သွားပြီလို့ သူယူဆချိန်ကျမှသာ အဝါကတ် ပြသခဲ့ပါတယ်။ ဒါက ပြစ်ဒဏ်ဘောတစ်ခုမှာ အဝါကတ်ပြသင့်သလား၊ မပြသင့်ဘူးလားဆိုတဲ့ အချက်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး" လို့ ဆက်ပြောခဲ့ပါတယ်။

ဂရာဗန်ဘတ်ချ်ရဲ့အနီကတ်ပြစ်ဒဏ်ကြောင့် လီဗာပူးတို့ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရပြီး အဲ့ဒီနောက်ပိုင်း ပြိုင်ဘက်ဆီ သုံးဂိုးအထိ ခွင့်ပြုပေးရကာ အန်ဖီးလ်ကွင်းဂိုးပြတ်ရှုံးနိမ့်မှုနဲ့ ကြုံတွေ့လိုက်ရပါတယ်။

လက်ရှိအမှတ်ပေးဇယားရဲ့န၀မနေရာအထိ ရောက်ရှိသွားတဲ့ ကြိုးကြာနီတို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ LASK နဲ့ရင်ဆိုင်ရချိန် ရလဒ်ကောင်းရှာဖွေဖို့ မျှော်လင့်နေနိုင်ပြီး မန်စီးတီးကတော့ နောက်ထပ်ဥရောပပွဲစဉ်အဖြစ် ပီအက်စ်ဂျီနဲ့ရင်ဆိုင်သွားဖို့ ပြင်ဆင်နေပါတယ်။