The network connection is lost.

Banner Image

ကိုလံဘီယာလူငယ်ကြယ်ပွင့်အိုရော့ဇ်ကို,ကို အပြီးသတ်ခေါ်ယူလိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းက ကိုလံဘီယာကလပ် Fortaleza CEIF အသင်းမှ အလားအလာရှိလူငယ်ကွင်းလယ်လူခရစ်စတီယန်အိုရော့ဇ်ကို,ကို အပြီးသတ်ခေါ်ယူလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ်အိုရော့ဇ်ကိုက Rojo FC အကယ်ဒမီမှ ထွက်ပေါ်လာပြီး ယမန်နှစ်ဘောလုံးရာသီ၊ ကိုလံဘီယာထိပ်တန်းလိဂ်မှာ ဖော်တာလီဇာစီနီယာအသင်းကြီးအတွက် ငါးပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ဒါ့အပြင် သူက ကိုလံဘီယာယူ-၁၇ လက်ရွေးစင်ကစားမသားလည်း ဖြစ်ပါတယ်။

ဒီအရည်အချင်းရှိကွင်းလယ်လူက ပတ်ဝန်းကျင်သစ်မှာ အသားကျစေဖို့နဲ့ ပိုမိုတိုးတက်လာစေဖို့အတွက် ကနဦးမှာတော့ ယူနိုက်တက်ရဲ့အကယ်ဒမီအသင်းနဲ့ပဲ ပူးပေါင်းသွားရပါမယ်။

သရဲနီတွေကတော့ အိုရော့ဇ်ကို,ကို အိုးထရက်ဖို့ဒ်မှာ နွေးနွေးထွေးထွေးကြိုဆိုခဲ့ပြီး အင်္ဂလန်မှာ စတင်မယ့် ကစားသမားဘ၀ခရီးလမ်းသစ်ကို အောင်မြင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။