The network connection is lost.

Banner Image

တစ်ယောက်လျော့ ဆွစ်ဇာလန်ကို ခက်ခက်ခဲခဲ အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်လာတဲ့ အာဂျင်တီးနား

အာဂျင်တီးနား ၁ - ၁ ဆွစ်ဇာလန် (မိနစ်၉၀ရလဒ်) အချိန်ပို (၂-၀)

အာဂျင်တီးနားအသင်းက တစ်ပွဲလုံးခြေစွမ်းပိုင်းက အားရစရာမရှိခဲ့သလို မက်ဆီကိုသာ အားကိုးနေတာကြောင့် ဆွစ်ဇာလန်က အထာနပ်နေခဲ့ပြီး ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ဆွစ်ဇာလန်က ချေပဂိုးပြန်သွင်းခဲ့ပြီးနောက် အမ်ဘိုလို ဟန်ဆောင်ဒိုင်ဗင်ပစ်ခဲ့လို့ အာဂျင်တီးနားတို့ တစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ ခြေစွမ်းပိုင်းက လုံး၀အားရစရာမရှိခဲ့တာကြောင့် အချိန်ပို ၁၁၂မိနစ်ရောက်မှပဲ အယ်လ်ဗာရက်ဇ်ရဲ့လှပတဲ့ ကန်ချက်ကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီး တန်ပြန်တိုက်စစ်ကနေ လော်တာရိုမာတီနက်ဇ်က တတိယဂိုးထပ်သွင်းခဲ့တာကြောင့် ဂိုးပြတ်ခဲ့ပေမဲ့ ဗိုလ်လုပွဲရောက်ချင်ရင်တော့ အာဂျင်တီးနားရဲ့ခြေစွမ်းက ဒီထက်ပိုကောင်းလာဖို့လိုနေပါတယ်။

အာဂျင်တီးနားက ဆီမီးဖို်ငနယ်မှာ အင်္ဂလန်နဲ့ ပွဲကြီးပွဲကောင်းကစားရတော့မှာ​ ဖြစ်ပါတယ်။