The network connection is lost.

Banner Image

ကိုလံဘီယာကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူခဲ့တဲ့ ဆွစ်ဇာလန်

ဆွစ်ဇာလန် ၀-၀ ကိုလံဘီယာ (သာမန်ပွဲချိန်ရလဒ်) (ပင်နယ်တီအဆုံးအဖြတ် ၄-၃)

အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စောင့်ကြည့်ချင်စရာအကောင်းဆုံးအသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုမှာ အကြိတ်အနယ်အားထုတ်ယှဉ်ပြိုင်ကစားမှုတွေနဲ့အတူ စိတ်ဝင်စားစရာပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ သာမန်ပွဲကစားချိန်အပြင် အချိန်ပိုမိနစ်တွေမှာပါ ဆွစ်ဇာလန်ရော၊ ကိုလံဘီယာပါ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမဲ့ နှစ်ဖက်အသင်းခံစစ်မှူးတွေနဲ့ဂိုးသမားတွေရဲ့ကာကွယ်မှုကြောင့် သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ ဒါကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဒါဗင်ဆန်ဆန်းချက်ဇ်၊ ကူချိုဟာနန်ဒက်ဇ်တို့ရဲ့လွဲချော်မှုတွေနဲ့အတူ ဆွစ်ဇာလန်က ကိုလံဘီယာကို အနိုင်ယူကာ လက်ရှိချန်ပီယံအာဂျင်တီးနားနဲ့ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားပါတယ်။