မီရီနိုရဲ့နောက်ကျဂိုးနဲ့ ဘယ်လ်ဂျီယံကိုအနိုင်ယူကာ ဆီမီးဖိုင်နယ်တက်သွားတဲ့ စပိန်
စပိန် ၂ - ၁ ဘယ်လ်ဂျီယံ (ပွဲပြီးရလဒ်)
စပိန်အသင်းဟာ ဥရောပအင်အာကြီးပြိုင်ဘက် ဘယ်လ်ဂျီယံကို တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့ပေမဲ့ တိုက်စစ်က အချိတ်အဆက်လွဲမှုတွေနဲ့ ကော်တိုရစ်ရဲ့လက်စွမ်းပြမှုတွေကြောင့် နိုင်ပွဲရဖို့ အသည်းအသန်ကစားခဲ့ရပါတယ်။
စပိန်အသင်း ရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးစလုံးက ဂိုးသမားကာကွယ်ရာကနေ ထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံက တန်ပြန်တိုက်စစ်တွေကနေ စပိန်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ပထမပိုင်းကသွင်းဂိုးတစ်ဂိုးသာရခဲ့ပါတယ်။
စပိန်အသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ ပြင်သစ်နဲ့ ပွဲကြီးပွဲကောင်းပွဲစဉ် ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။