The network connection is lost.

Banner Image

တောင်ကိုရီးယားကို အနိုင်ယူကာ ရှုံးထွက်အဆင့်တက်လှမ်းသွားတဲ့ တောင်အာဖရိက

တောင်အာဖရိက ၁-၀ တောင်ကိုရီးယား (ပွဲပြီးရလဒ်)

အုပ်စု(A)ရဲ့အပိတ်ပွဲစဉ်အဖြစ် တောင်အာဖရိကနဲ့ တောင်ကိုရီးယား ထိပ်တိုက်တွေ့ဆုံမှုမှာ နောက်တစ်ဆင့်တက်ရောက်နိုင်ရေးရည်မှန်းချက်ကိုယ်စီနဲ့အတူ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။ အခုပွဲစဉ်ရဲ့အဆုံးအဖြတ်သွင်းဂိုးကိုတော့ ပွဲချိန်တစ်နာရီကျော်မှာ လူစားဝင်ကစားသမားမိုရီမီရဲ့ဖန်တီးပေးမှုမှတဆင့် မာစီကိုက သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အုပ်စု(A) မှာ ပူးတွဲအိမ်ရှင်မက္ကဆီကိုက ပထမ၊ တောင်အာဖရိကအသင်းက ဒုတိယနေရာရရှိခဲ့ပြီး တောင်ကိုရီးယားကတော့ သုံးမှတ်ရရှိထားမှုနဲ့အတူ အကောင်းဆုံးအုပ်စုတတိယအဖြစ် နောက်တစ်ဆင့်တက်လှမ်းနိုင်မလား စောင့်ကြည့်သွားရပါတော့မယ်။