The network connection is lost.

Banner Image

၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းလာတဲ့ ပူးတွဲအိမ်ရှင်ကနေဒါ

တောင်အာဖရိက ဝ-၁ ကနေဒါ (ပွဲပြီးရလဒ်)

အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးရှုံးထွက်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမှာ ကနေဒါက ပြိုင်ဘက်တောင်အာဖရိကကို ထိုက်ထိုက်တန်တန်အနိုင်ယူပြီး နောက်တစ်ဆင့်ဆီ တက်ရောက်သွားပါတယ်။ အခုပွဲစဉ်တလျှောက်လုံးမှာလည်း ကနေဒါကပဲ တောင်အာဖရိကကို ဖိအားပေးကစားသွားခဲ့ပြီး အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ အသင်းခေါင်းဆောင်အူစတာကွီယိုက အဝေးကန်ချက်ဖြင့် ကန်သွင်းရယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ကနေဒါက ၁၆ သင်းရှုံးထွက်အဆင့်မှာ နယ်သာလန်(သို့မဟုတ်) မော်ရိုကိုအသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။