The network connection is lost.

Banner Image

ဆီနီဂေါနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် သတင်းကောင်းတစ်ခု ရရှိခဲ့တဲ့ ပြင်သစ်အသင်း

အားထားရတဲ့ ဗဟိုနောက်ခံလူဆာလီဘာကိုယ်တိုင် အသင်းရဲ့လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ပူးပေါင်းလာလို့ ပြင်သစ်အသင်းအတွက် အားတက်စရာသတင်းကောင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

ဒက်စ်ချမ့်စ်ရဲ့အသင်းက လာမယ့် ဇူလိုင် ၁၉ ရက်မှာကျင်းပမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးမှာ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့အတွက် ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်နေပါတယ်။

ပထမဦးဆုံးတော့ သူတို့က အုပ်စုအဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ ဆီနီဂေါကို အနိုင်ယူဖို့ ရည်မှန်းထားပါလိမ့်မယ်။ ဆီနီဂေါကလည်း ၂၀၀၂ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အဲ့ဒီအချိန်တုန်းက လက်ရှိချန်ပီယံဖြစ်တဲ့ ပြင်သစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့ဖူးပါတယ်။

သတင်းထောက်ဖာဘရစ်ဟော့ကင်းစ်ရဲ့ဖော်ပြချက်အရ အာဆင်နယ်ဗဟိုနောက်ခံလူဆာလီဘာက စီနီယာအသင်းကြီးရဲ့လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်ရှိလာခဲ့လို့ ပြင်သစ်အသင်းအတွက် သတင်းကောင်းတစ်ရပ် ဖြစ်လာတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားက ၂၀၂၅-၂၀၂၆ ရာသီရဲ့ ဒုတိယရာသီဝက်ကာလအများစုမှာ ဒုက္ခပေးခဲ့တဲ့ နောက်ကျောဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့နှစ်ရက်တာလေ့ကျင့်ရေးအစီအစဉ်တွေကို လွဲချော်ခဲ့ပါတယ်။

သူက မြောက်အိုင်ယာလန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ပထမပိုင်း ၄၅ မိနစ်ကို ပါဝင်ကစားခဲ့ပြီး ဒုတိယပိုင်းမစတင်မီ လာခရို့စ်နဲ့ လူစားလဲလှယ်ခဲ့ပါတယ်။