The network connection is lost.

Banner Image

ဆာလီဘာရဲ့ဒဏ်ရာ ကာလရှည်အနားမယူရလို့ အာဆင်နယ်အသင်းခံစစ်ပိုင်းအတွင် အားတက်စရာ ဖြစ်လာ

ဆာလီဘာရဲ့ခါးမှာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပေမဲ့ မျှော်လင့်ထားသလောက် အချိန်အကြာကြီး အနားယူသွားရဖို့ မရှိဘူးလို့ သိရပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေချိန်၊ ခါးဒဏ်ရာရရှိခဲ့တဲ့ ဆာလီဘာကြောင့် သူ့ရဲ့နေရာကို အစားထိုးဖို့ လေဗာကူဆင်ရဲ့ကွမ်ဆာနဲ့ အက်စတွန်ဗီလာကြယ်ပွင့်ကွန်ဆာတို့ကို ဂန်းနားတွေ မျက်စိကျနေခဲ့ပါတယ်။

ဒီပြင်သစ်ကြယ်ပွင့်ကို လက်လွှတ်လိုက်ရမှုက နည်းပြအာတီတာအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ အာဆင်နယ်ဘက်ကလည်း ဆာလီဘာကို အချိန်အတော်ကြာ အနားပေးသွားမယ်လို့ အတည်ပြုထားလို့ ၂၀၂၆ ခုနှစ်တစ်ခုလုံးကိုတောင် လွဲချော်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒါပေမဲ့ BBC Sport ရဲ့သတင်းထောက် ဆာမီမော့ဘယ်လ်ကတော့ ခွဲစိတ်မှုအောင်မြင်ခဲ့လို့ ဆာလီဘာကို ထင်ထားထာထက် စောစောစီးစီး ပြန်မြင်တွေ့ရနိုင်တယ်လို့ 'The Daily Grind' အစီအစဉ်မှာ ရှင်းပြခဲ့ပါတယ်။

ဆာမီမော့ဘယ်လ်က "ကမ္ဘာ့ဖလားမှာ ကျွန်တော် ကြားခဲ့ရတာကတော့ ဆာလီဘာသာ ခွဲစိတ်ရမယ်ဆိုရင် လေးလမှ ငါးလလောက်အထိ နားရလိမ့်မယ်ဆိုတာပါပဲ။ ကံကောင်းတာက အာဆင်နယ်အတွက် အဲဒီလောက်အထိ အကြာကြီး အနားပေးနေစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ နှစ်လမှ သုံးလလောက်အထိတော့ နားရဦးမယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ခဲ့တဲ့ တင်ဘာက အခုသီတင်းပတ်အတွင်းမှာပဲ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မယ်ဆိုတဲ့ နောက်ထပ်သတင်းကောင်းတစ်ခုလည်း အာဆင်နယ်အတွက် ရှိနေပြန်ပါတယ်။ တင်ဘာကတော့ ကိုဗင်ထရီနဲ့ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ဖို့ရှိပေမဲ့ စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအတွင်းမှာ ဘောလုံးပြန်ကစားနိုင်မယ်လို့ သိရပါတယ်။