The network connection is lost.

Banner Image

ခရောလေတောင်းအသင်းရဲ့ နည်းပြအဖြစ်ခန့်အပ်ခံလိုက်ရတဲ့ အာဆင်နယ်ဂိုးသမားဟောင်း မန်နုန်း

အာဆင်နယ်ဂိုးသမားဟောင်း ဗီတို မန်နုန်းဟာ ခရောလေတောင်းအသင်းမှာ ကစားသမားတစ်ဦးအနေနဲ့ရော နည်းပြတစ်ဦးအနေနဲ့ပါ တာဝန်ယူသွားမယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ လိဂ်-၂ ကလပ်ရဲ့ ဂိုးသမားပိုင်းဆိုင်ရာတွေကို တာဝန်ယူကိုင်တွယ်သွားမှာဖြစ်သလို လိုအပ်ရင် ကွင်းထဲဆင်းကစားဖို့အတွက်လည်း အဆင်သင့်ရှိနေမှာပါ။ မန်နုန်းဟာ အာဆင်နယ်နဲ့ ဆန်းဒါးလန်းအသင်းတွေမှာ ကစားခဲ့တုန်းက ပရီးမီးယားလိဂ်ပွဲပေါင်း ၁၃၀ အထိ ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းမှာ နှစ်နှစ်ကြာရှိနေခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကမှ ထွက်ခွာသွားတဲ့ ခရစ်ဒစ်ဆင်ရဲ့နေရာမှာ အစားထိုး တာဝန်ယူမှာဖြစ်ပါတယ်။ အီတလီလူမျိုးဂိုးသမား မန်နုန်းဟာ ၂၀၂၄ ခုနှစ် လိုင်လီအသင်းမှာရှိစဉ်ကတည်းက စီနီယာပွဲစဉ်တွေ ကစားထားခြင်းမရှိတော့ဘဲ လတ်တလောမှာတော့ ဘရိုက်တန်အသင်းရဲ့ လူငယ်အကယ်ဒမီ ဂိုးသမားနည်းပြအဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ "အသင်းရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ဗီတိုလို အရည်အချင်းရှိတဲ့သူမျိုးကို ထည့်သွင်းနိုင်တာဟာ ကလပ်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ" လို့ ခရောလေတောင်းအသင်းမန်နေဂျာ ကိုလင် ကာဇင်ရစ်ချက်က အသင်းဝဘ်ဆိုဒ်ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။ "သူ့ရဲ့ အသိပညာတွေ၊ ဘောလုံးလောက အတွေ့အကြုံတွေနဲ့ ထိပ်တန်းနည်းပြတွေဆီက သင်ယူခဲ့တဲ့ အဆင့်အတန်းမြင့်မားတဲ့ နည်းစနစ်တွေက ကျွန်တော်တို့ကို နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းစေမှာပါ။ နောက်ပြီး ဂိုးသမားကောင်းတွေ အများကြီးထွက်တဲ့ နိုင်ငံကလာတဲ့ သူ့ရဲ့ အတွေးအခေါ်တွေကလည်း အများကြီး အထောက်အကူဖြစ်စေမှာပါ။ ဗီတိုဟာ အလုပ်အပေါ်မှာ တက်ကြွပြင်းပြမှု အပြည့်နဲ့ လာတာဖြစ်လို့ သူ့ဆီက ဂိုးသမားပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေအပြင် ပုဂ္ဂိုလ်ရေးအရလည်း သင်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ စကားစပြောလိုက်ကတည်းက သူဟာ ကျွန်တော်တို့ ရှာနေတဲ့သူမှန်း သိလိုက်တာကြောင့် သူနဲ့အတူ အလုပ်လုပ်ဖို့ စိတ်လှုပ်ရှားနေပါပြီ" လို့ ၎င်းက ဆိုပါတယ်။