The network connection is lost.

Banner Image

အန်ဒါဆန်ကိုခေါ်ယူဖို့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာပြန်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ အန်ဒါဆန်အတွက် အပိုဆုကြေးတွေ အပါအဝင် စုစုပေါင်း ပေါင် ၁၂၀ သန်းအထိ ရှိလာနိုင်မယ့် မယုံနိုင်စရာ ကမ်းလှမ်းမှုတစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့အပတ်ကလည်း အသက် ၂၃ နှစ်အရွယ် ဒီကွင်းလယ်လူအတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပြီး နော့တင်ဟမ်ဖောရက်စ်ဘက်ကတော့ စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ခု ရရှိဖို့ မျှော်လင့်နေတာပါ။

The Athletic ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ အခုအခါမှာ အပိုဆုကြေးတွေ အပါအဝင် ပေါင် ၁၂၀ သန်းထက် ပိုများတဲ့ ကမ်းလှမ်းမှုနဲ့အတူ ပြန်လည် ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ ဒီအပြောင်းအရွှေ့သာ အောင်မြင်သွားခဲ့ရင် အန်ဒါဆန်ဟာ အင်္ဂလန်ကွင်းလယ်လူ ဒီကလန်ရိုက်စ်ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ဗြိတိန်ကစားသမား ဖြစ်လာပါလိမ့်မယ်။

 ဒါပေမဲ့ ဖောရက်စ်အသင်းကတော့ အခုကမ်းလှမ်းမှုကို ကျေနပ်ခြင်း မရှိသေးဘဲ ပြီးခဲ့တဲ့ နွေရာသီက အလက်ဇန္ဒား အီဆပ်ကို ခေါ်ယူဖို့ လီဗာပူးအသင်း ပေးခဲ့ရတဲ့ ပေါင် ၁၂၅ သန်းထက် ပိုများတဲ့ အသေအချာပေးချေရမယ့် ပြောင်းရွှေ့ကြေးမျိုး ရရှိမှသာ အပြောင်းအရွှေ့ကို အဆုံးသတ်ချင်နေတာ ဖြစ်ပါတယ်။