The network connection is lost.

Banner Image

ရိုမဲရိုးထွက်ခွာဖို့ ရှိနေချိန်မှာပဲ ဂျူဗင်တပ်စ်နောက်ခံလူဘရီမာဆီ မြှားဦးလှည့်လာတဲ့ တော့တင်ဟမ်

တော့တင်ဟမ်အသင်းက အသင်းကပ္ပတိန်ရိုမဲရိုးကို အခုနွေရာသီမှာ ဆုံးရှုံးရဖွယ်ရှိလို့ ဂျူဗင်တပ်စ်နောက်ခံလူဘရီမာနဲ့အစားထိုးရန် မျက်စိကျနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၇ နေရာနဲ့ နှစ်ရာသီဆက်ရာသီသိမ်းခဲ့တဲ့ တော့တင်ဟမ်ကအဓိကကြယ်ပွင့်ကစားသမားအချို့ကို လက်လွှတ်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိအသင်းခေါင်းဆောင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် ရိုမဲရိုးလည်း အနာဂတ် မရေမရာဖြစ်နေပြီး သူ့ကို အက်သလက်တီကိုမက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့က ချိတ်ဆက်နေကြပါတယ်။

Tuttosport သတင်းစာရဲ့ဖော်ပြချက်အရ တော့တင်ဟမ်အသင်း ကမ္ဘာ့ဖလားချန်ပီယံဆုရှင်မရှိဘဲ ရှေ့ခရီးဆက်ဖို့ ပြင်ဆင်နေပြီး ဂျူဗင်တပ်စ်နောက်ခံလူဘရီမာကို အစားထိုးခေါ်ယူသွားဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ 

အသက် ၂၉ နှစ်အရွယ်ကစားသမားက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြင်းထန်ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာ ပြန်လည်သက်သာလာခဲ့ပြီး အီတာလျံကလပ်အသင်းကြီးရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဘရီမာက ပြီးခဲ့တဲ့ရာသီ၊ ပြိုင်ပွဲစုံ ၃၁ ပွဲ ကစားခဲ့ရာမှာ လေးဂိုးသွင်း၊ ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ခဲ့ပါတယ်။