The network connection is lost.

Banner Image

ချစ်ကြည်ရေးပွဲလိုကစားပြီး သရေတစ်မှတ်စီခွဲယူသွားတဲ့ လီဗာပူးနဲ့ ချဲလ်ဆီး

လီဗာပူး ၁ - ၁ ချဲလ်ဆီး (ပွဲပြီးရလဒ်)

လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ ကစားသမားအင်အားနည်းနေမှုနဲ့အတူ ခြေစွမ်းကောင်းတွေပြသနိုင်ခြင်းမရှိဘဲ သရေတစ်မှတ်စီခွဲယူသွားခဲ့ရပါတယ်။

လီဗာပူးက စောစောစီးစီး ဂရာဗန်ဘက်ချ်ရဲ့ဂိုးနဲ့ ဦးဆောင်ဂိုးနိုင်ခဲ့ပေမဲ့ ၃၅မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က ချဲလ်ဆီးအတွက် ပြန်ချေပခဲ့လို့ တစ်ဖက်တစ်ဂိုးစီသရေဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံးအပြောင်းအလဲကိုယ်စီလုပ်ခဲ့ကြပေမဲ့ ဂိုးထပ်မသွင်းနိုင်ခဲ့ဘဲ သရေပွဲနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်။