The network connection is lost.

Banner Image

မန်စီးတီးကို အရေးနိမ့်ခဲတဲ့ပွဲစဉ်မှာ ဆန်းဒါးလန်းအတွက် အကောင်းမြင်စရာတွေ အများကြီးရှိတယ်လို့ လီဘရစ် ပြောကြား

အီတီဟတ်ကွင်းအတွင်း ၅-၃ ဂိုးဆိုတဲ့ ရလဒ်ဖြင့် ဖျော်ဖြေမှုအပြည့် ပေးစွမ်းခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးကို ဆန်းဒါးလန်းက အပြင်းအထန်ဖိအားပေးနိုင်ခဲ့ပြီး နည်းပြလီဘရစ်ကိုယ်တိုင်လည်း အသင်းရဲ့ယုံကြည်မှု၊ တိုက်စစ်အရည်အသွေးနဲ့ ကစားဟန်စရိုက်လက္ခဏာအပေါ် ချီးကျူးခဲ့ပါတယ်။
 
ယူရိုပါလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကြောက်နက်တွေက စီတီဇင်တွေနဲ့ ရင်ဆိုင်ရချိန် တိုက်စစ်ဆင်လိုစိတ် အပြည့်အ၀ပြသနိုင်ခဲ့သလို အခွင့်အရေးကောင်းတွေလည်း ကြိမ်ဖန်များစွာ ဖန်တီးနိုင်ခဲ့ပါတယ်။

ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် လီဘရစ်က "ဥရောပရဲ့အကောင်းဆုံးအသင်းစာရင်းဝင် ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် ကျွန်တော်တို့တွေ ရင်ပေါင်တန်းယှဉ်ပြိုင်ကစားနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်" 
 
"ကျွန်တော်တို့က စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ကြသလို အခွင့်အရေးတွေလည်း အများကြီးဖန်တီးနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
 
ပြင်သစ်လူမျိုးနည်းပြက ဆန်းဒါးလန်းအတွက် သေးငယ်တဲ့ အမှားလေးတွေကြောင့် ပြစ်ဒဏ်ကျခံခဲ့ရတယ်လို့ ဝန်ခံခဲ့ပေမဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ခွန်အားကိုတော့ အားရမိတယ်လို့ ပြောခဲ့ပါတယ်။
 
"ကျွန်တော်တို့ ဒီကို အနိုင်ရနိုင်တယ်ဆိုတဲ့ခံစားချက်နဲ့ လာခဲ့တာဖြစ်လို့ စိတ်ပျက်မိပါတယ်"
 
"၄-၃ ဂိုးဖြစ်နေချိန် ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့သလို ပွဲပြီးချိန်အထိလည်း ယုံကြည်ချက်ကို ဆက်လက်ပြသနိုင်ခဲ့ကြပါတယ်" လို့ သူက ဆက်ပြောပါတယ်။
 
အခုပွဲစဉ်မှာ ဆန်းဒါးလန်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ ဘရော့ဘီရဲ့ခြေစွမ်းကလည်း နောက်ထပ် ကြီးမားတဲ့ အကောင်းမြင်စရာအချက်တစ်ခု ဖြစ်ခဲ့ပါတယ်။
 
"ဘရောဘီရဲ့စွမ်းဆောင်ရည်က တကယ့်ကို အပြုသဘောဆောင်ပါတယ်" လို့ လီဘရစ်က ဆက်လက်ပြောကြားပါတယ်။
 
"သူ ဂိုးတွေ သွင်းယူနိုင်တော့မယ်ဆိုတာ တကယ်ကို ရှင်းလင်းနေခဲ့ပြီး အချိန်ကာလတစ်ခု စောင့်ဆိုင်းရမယ့် သဘောသာ ဖြစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။