The network connection is lost.

Banner Image

ဥရောပပြိုင်ပွဲတွေ မရှိလို့ ချဲလ်ဆီးအတွက် ဘယ်လိုကောင်းကျိုးပြုနိုင်မလဲဆိုတာ ရှင်းပြလိုက်တဲ့ ဘီဂိုဗစ်

ပရီးမီးယားလိဂ်ဂိုးသမားဟောင်းဘီဂိုဗစ်က အခုနိုင်ငံတကာသီတင်းပတ်အတွင်း ချဲလ်ဆီးအသင်းရဲ့လတ်တလောအခြေအနေတွေနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာသာ ရရှိခဲ့ပြီး ဥရောပဝင်ခွင့်နေရာတွေနဲ့လွဲချော်ကာ အလွန်ဆိုးရွားတဲ့ဘောလုံးရာသီတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

သူတို့က ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ ဆန်းဒါးလန်းကို အနိုင်ရရှိမယ်ဆိုရင် ဥရောပဝင်ခွင့်မျှော်လင့်ချက် ရှင်သန်နိုင်ဖို့ရှိပေမဲ့ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဆန်းဒါးလန်းက ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိသွားပြီး ချဲလ်ဆီးကတော့ ဘောလုံးရာသီသစ်မှာ ပြိုင်ပွဲသုံးခုတည်းအတွက်သာ ယှဉ်ပြိုင်နေရပါတယ်။ 

အခုလို ဥရောပပြိုင်ပွဲတွေနဲ့ ဝေးကွာနေရပေမဲ့ အနောက်လန်ဒန်ကလပ်အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၀ နေရာမှာသာ ဆက်လက်ရပ်တည်နေလို့ ပရိသတ်တွေကိုယ်တိုင် အသင်းသုံးစွဲခဲ့တဲ့ငွေကြေးတွေ ဘယ်နေရာဆီ ရောက်သွားသလဲဆိုပြီး အံ့အားသင့်တွေးတောနေကြပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်အတွင်း ကလပ်အသင်းက ဘဏ္ဍာရေးစည်မျဉ်းချိုးဖောက်မှုတွေကို ရှောင်ရှားနိုင်ဖို့ လူငယ်ကြယ်ပွင့်တွေကို ကာလရှည်စာချုပ်ဖြင့် အဓိကထားခေါ်ယူခဲ့ပြီ အသင်းလူစာရင်းပိုင်းမှာ အပြောင်းအလဲကြီးကြီးမားမား ကြုံတွေ့ခဲ့ပါတယ်။
 
မကြာသေးမီကလည်း အသင်းအတွင်းပိုင်းနဲ့ နည်းပြတွေအကြား အမြဲတစေအပြောင်းအလဲများနေတဲ့ အနောက်လန်ဒန်ကလပ်အတွက် အတွေ့အကြုံတွေ ဖြည့်ဆည်းပေးနိုင်ဖို့ ဂျော်ဒန်ဟန်ဒါဆန်နဲ့ ဒန်နီဝဲလ်ဘတ်တို့လို ဝါရင့်ကစားသမားနှစ်ဦးကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။
 
Hajper နဲ့တွေ့ဆုံချိန် ဘီဂိုဗစ်က နွေရာသီကစားသမားသစ်ခေါ်ယူတွေကို သဘောကျမိတယ်လို့ ဖွင့်ဟခဲ့ပြီး ဥရောပပြိုင်ပွဲတွေနဲ့လွဲချော်ထားရလို့ ချဲလ်ဆီးအတွက် ဘယ်လိုအကျိုးအမြတ်တွေ ရှိလာနိုင်မလဲဆိုတာကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။

"ချဲလ်ဆီးရဲ့အပြောင်းအရွှေ့မဟာဗျူဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။ ရိုဂျာစ်၊ အီမီမာတီနက်ဇ်နဲ့ လာခရော့စ်တို့လို နာမည်ရပြီးသားကစားသမားတွေကို ခေါ်ယူပြီးနောက် ပထိပ်တန်းပါရမီရှင်တွေကို ပြန်လည်စုဆောင်းခဲ့ပါတယ်။ ဒါက နေရာတိုင်းအတွက် အကောင်းဆုံးကစားသမားတွေကို ခေါ်ယူပြီး ဆုဖလားတိုင်းအတွက် ယှဉ်ပြိုင်လေ့ရှိတဲ့ အတိတ်ကာလ ချဲလ်ဆီးရဲ့ပုံစံအတိုင်းပါပဲ" လို့ ဘီဂိုဗစ်က ပြောပါတယ်။
 
"ပရီးမီးယားလိဂ်မှာ အတွေ့အကြုံရှိပြီးသား ကစားသမားတွေကို ခေါ်ယူတယ်ဆိုတာ အကျိုးကျေးဇူး ကြီးမားပါတယ်။ သက်ရောက်မှုပိုင်းဆိုင်ရာ အကန့်အသတ်ပဲရှိမယ့် ဝါရင့်အရန်ကစားသမားတွေကို ခေါ်ယူတာထက် အဲ့ဒီအချက်ကို အာရုံစိုက်လိုက်တာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ ဒီကစားသမားခေါ်ယူမှုတွေက ရပ်တည်ချက်ကြီးမားမှုကို ပြသလိုက်တာဖြစ်ပြီး၊ ကျွန်တော့်အမြင်အရတော့ ချဲလ်ဆီးလိုကလပ်အသင်းမျိုးအတွက် ဒီလိုပုံစံအတိုင်း လုပ်ဆောင်သင့်ပါတယ်" လို့ ဆက်လက်ပြောကြားပါတယ်။
 
ဥရောပပြိုင်ပွဲတွေနဲ့ပတ်သက်လို့လည်း ဘီဂိုဗစ်က "ခင်ဗျား ပြောသလိုပါပဲ၊ ဥရောပပြိုင်ပွဲတွေ မကစားရဘူးဆိုတာ ကောင်းတဲ့အချက် ဖြစ်လာနိုင်ပါတယ်။ လူတိုင်းက ချန်ပီယံလိဂ်မှာ ကစားချင်ကြပြီး စိတ်လှုပ်ရှားဖွယ် ဥရောပညချမ်းတွေမှာ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ဂုဏ်သိက္ခာကို ခံစားချင်ကြပါတယ်။ ဒါပေမဲ့ သူတို့အတွက် ပြည်တွင်းဖလားပြိုင်ပွဲတွေကိုသာ အာရုံစိုက်ထားနိုင်လို့ အဲဒီပြိုင်ပွဲအရပ်ရပ်မှာ အားကောင်းတဲ့ ခရီးလမ်းတစ်ခု ဖန်တီးနိုင်ပါတယ်" လို့ ပြောပါတယ်။
 
"အဲဒီရှုထောင့်မှကြည့်မယ်ဆိုရင် ဒါကို အကောင်းမြင်လို့ရပါတယ်။ ဥရောပပြိုင်ပွဲတွေဆီ ပြန်ရောက်သွားချိန်မှာတော့ ကြားရက်တိုင်း ကစားရမယ့် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် လူစာရင်းကို တိုးချဲ့ရပါလိမ့်မယ်။ အဆင့်အတန်းမြင့်မားတဲ့ပွဲစဉ်တွေနဲ့ ခရီးသွားလာရမှုတွေအတွက် လူစာရင်းကို အလှည့်ကျ သုံးစွဲနိုင်ဖို့လိုအပ်သလို အပြောင်းအလဲတွေ လုပ်ဖို့အတွက် လိုအပ်တဲ့ရွေးချယ်စရာတွေ ရှိနေရပါမယ်" လို့ပြောပါတယ်။

ချဲလ်ဆီးက အောက်တိုဘာ ၁၀ ရက်မှ စတင်ကာ ၂၁ ရက်အတွင်း ဘုန်းမောက်၊ အဲဗာတန်၊ တော့တင်ဟမ်၊ လီဗာပူးတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရဖို့ရှိနေပြီး အောက်တိုဘာ ၃၁ ရက်၊ မန်ခချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အပါအဝင် ဥရောပပွဲစဉ်တွေမရှိချိန်မှာတောင် ပွဲကျပ်ငါးခုနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။