The network connection is lost.

Banner Image

ဒေါ့မွန်နောက်ခံလူ ဝေါ်ဒီမာအန်တွန်ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ အက်သလက်တီကိုတို့ စုံစမ်းနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုရပ်ရှားဒေါ့မွန်အသင်းရဲ့ နောက်ခံလူ ဝေါ်ဒီမာအန်တွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

လာမယ့်ရာသီမှာ ဒီအသက် ၂၉ နှစ်အရွယ် နောက်ခံလူကို ခေါ်ယူဖို့ စဉ်းစားနေကြတဲ့ အသင်းတွေထဲမှာ အက်သလက်တီကို မက်ဒရစ်နဲ့ မန်ယူအသင်းတို့ ပါဝင်နေတယ်လို့ Sky Deutschland သတင်းဌာနက ဖော်ပြခဲ့တာပါ။

ကလပ်အသင်းနှစ်ခုစလုံးဟာ ဒေါ့မွန်အသင်းမှာရှိတဲ့ အန်တွန်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားပါတယ်။

ဒါ့အပြင် အက်စတွန်ဗီလာအသင်းကလည်း သူ့ကိုခေါ်ယူဖို့အတွက် တရားဝင် ချဉ်းကပ်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီဗဟိုနောက်ခံလူဟာ ဂျာမန်ထိပ်သီးကလပ် ဒေါ့မွန်နဲ့ ၂၀၂၈ ခုနှစ် နွေရာသီအထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။ အန်တွန်ဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက်လည်း ၁၂ ပွဲအထိ ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။