The network connection is lost.

Banner Image

ယူနိုက်တက်ကွင်းလယ်လူ ကတ်စ်မဲရိုးကို စီးရီးအေ ထိပ်တန်းအသင်းတွေ ကမ်းလှမ်းထား

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကတ်စ်မဲရိုးကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလ မတိုင်ခင်မှာ စီးရီးအေ ထိပ်တန်းကလပ် အသင်းအတော်များများဆီ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၄ နှစ်အရွယ် ဒီကစားသမားဟာ လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ်လို့ မကြာသေးခင်ကမှ အတည်ပြု ကြေညာထားတာပါ။

ကတ်စ်မဲရိုးဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် ၂၉ ပွဲ ကစားပေးထားပြီး ၆ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားနိုင်တဲ့အထိ အသင်းအတွက် အံ့အားသင့်စရာကောင်းလောက်အောင် ခြေစွမ်းပြသပေးနေသူလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဝါရင့်ကွင်းလယ်လူကို အသင်းမှာ ဆက်ရှိနေဖို့ တောင်းဆိုနေကြပေမဲ့ သူကတော့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကို စိတ်ယိမ်းယိုင်ခြင်းမရှိဘဲ အသင်းကနေ ထွက်ခွာဖို့ကိုပဲ ဆက်လက် အာရုံစိုက်ထားတယ်လို့ သိရပါတယ်။

သတင်းထောက် မာကို ဒီနာတာလီရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်ကွင်းလယ်လူကို စီးရီးအေ ထိပ်သီးအသင်းတွေဖြစ်တဲ့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဆီ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။