The network connection is lost.

Banner Image

အေစီမီလန်တိုက်စစ်မှူး လီယာအိုကို ယူနိုက်တက်ကင်းထောက်တွေ သွားရောက်စောင့်ကြည့်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ရာဖေးလ်လီယာအိုကို စိတ်ဝင်စားနေပါတယ်။

Calciomercato.com ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျူဗင်တပ်စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ အေစီမီလန်ပွဲစဉ်မှာ လီယာအိုရဲ့ ခြေစွမ်းကို အကဲဖြတ်ဖို့အတွက် ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

လီယာအိုဟာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်အောက်သာ ကျန်ရှိတော့တာဖြစ်ပြီး မီလန်ဘက်ကလည်း သင့်တော်တဲ့ ဈေးနှုန်းရရှိမယ်ဆိုရင် ဒီနွေရာသီမှာ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။

ယူရို သန်း ၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမယ်ဆိုရင် မီလန်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှုတွေ စတင်နိုင်ဖို့ လုံလောက်တဲ့ ပမာဏဖြစ်ပါတယ်။

လီယာအိုဟာ ဒီရာသီ စီးရီးအေပွဲစဉ် ၂၆ ပွဲ ကစားထားရာမှာ သွင်းဂိုး ၉ ဂိုး သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။ တနင်္ဂနွေနေ့ညက သရေရလဒ်ကြောင့် အေစီမီလန်အသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။