အခုအချိန်မှာ မာဆေးလ်အတွက်ဆိုရင် ဂရင်းဝုဒ်ဟာ အရမ်းကောင်းလွန်းနေတယ်လို့ ချီးကျူးလိုက်တဲ့ ဒီမီကို
မာဆေးလ်နောက်ခံလူဟောင်းဒီမီကိုက ဒီနွေရာသီမှာ အသင်းမှ ဂရင်းဝုဒ် ထွက်ခွာသွားသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။ ၏
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းမှာ ကစားဖို့ အဆင့်အတန်းမြင့်မားလွန်းနေပြီး အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မယ်ဆိုရင် ပိုပြီးတော့တောင် အသင်းမှထွက်ခွာသင့်တယ်လို့ ဒီမီကိုက အခိုင်အမာပြောဆိုပါတယ်။
၎င်းက "ကျွန်တော်စဉ်းစားမိတာကတော့ တခြားကလပ်အသင်းတွေက သူ့ကို လစာအများကြီးပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းလာတဲ့အခါ ဒီကစားသမားက ချန်ပီယံလိဂ်မကစားရတဲ့ စီမံကိန်းတစ်ခုမှာ ဆက်ပြီးနေချင်ပါဦးမလားဆိုတာပါပဲ"
"ဒီကိစ္စက နှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့်နည်းလမ်းနဲ့ သဘာဝကျကျပဲ အဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မာဆေးလ်အသင်းအတွက်လည်း အသင်းရဲ့ တန်ဖိုးအရှိဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ သူ့ကို ရောင်းချပြီး အရင်းအနှီးတွေ ပြန်ရမယ့် အပြောင်းအရွှေ့တစ်ခုနဲ့ အဆုံးသတ်သွားပါလိမ့်မယ်"
"သူ့ရဲ့အရည်အချင်းက အသင်းထက်တောင် သာလွန်နေပြီဖြစ်လို့ သူ ထွက်သွားသင့်ပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။