The network connection is lost.

Banner Image

ဂျက်ဆန်ရဲ့ဘိုင်ယန်မြူးနစ်ကစားသမားဘ၀အနာဂတ် ရှင်းရှင်းလင်းလင်းဖြစ်လာပြီးနောက် အေးဂျင့်ဖြစ်သူ တုံ့ပြန်လာ

ချဲလ်ဆီးတိုက်စစ်မှူးနီကိုးလက်စ်ဂျက်ဆန်ကို အပြီးသတ်ဝယ်ယူဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ ဘိုင်ယန်မြူးနစ်ရဲ့အတည်ပြုချက် ထွက်ပေါ်လာပြီးနောက် ကစားသမားရဲ့အေးဂျင့်က ပြန်လည်တုံ့ပြန်လာပါတယ်။

ပြီးခဲ့တဲ့စနေနေ့မှာ ဘိုင်ယန်မြူးနစ်အသင်းအားကစားဒါရိုက်တာမက်စ်အီဘရယ်လ်က ချဲလ်ဆီးမှ အငှားဖြင့် လာရောက်ကစားနေတဲ့ ဂျက်ဆန်ကို အပြီးသတ်ခေါ်ယူမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

ဒါကို ဂျက်ဆန်ရဲ့အေးဂျင့်ဖြစ်သူကာမာရာက သူ့ရဲ့အင်စတာဂရမ်မှတစ်ဆင့် ထုတ်ပြန်ချက်တစ်ခုဖြင့် ယခုလို ပြန်လည်တုံ့ပြန်လာခဲ့သည်။

" ဂျက်ဆန်က အခုဘောလုံးရာသီမှာ ၂၈ ပွဲ ကစားထားပြီး ၁၀ ဂိုးအထိ သွင်းယူထားနိုင်လို့ အရမ်းကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေပါတယ်။ သူက အာဖရိကချန်ပီယံ၊ ဂျာမန်ချန်ပီယံ ဖြစ်ထားသလို ဆုဖလားဗိုလ်လုပွဲဆီလည်း တက်လှမ်းထားနိုင်ပါတယ်" ဟု အေးဂျင့်က ရေးသားခဲ့သည်။

ဆက်လက်ပြီး "ဘိုင်ယန်မြူးနစ်ဘက်ကပဲ ဝယ်ယူခွင့်ကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တာပါ၊ ဂျက်ဆန်ကတော့ သူ့အတွက်ရော၊ ကလပ်အသင်းအတွက်ပါ အရမ်းအရေးကြီးတဲ့ ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ဆီ ရာနှုန်းပြည့်အာရုံစိုက်ထားပါတယ်။ ဘိုင်ယန်ဆိုတာ အရမ်းကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုပါ၊ အခုအချိန်မှာ အရေးကြီးဆုံးကတော့ ရာသီမကုန်ခင်မှာ ဆုဖလားတွေ တတ်နိုင်သမျှ များများရယူနိုင်ဖို့ပါပဲ။ အနာဂတ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး၊ လုပ်ငန်းစဉ်အပေါ်မှာပဲ ယုံကြည်လိုက်ပါ၊ ဘာမဆို ဖြစ်လာနိုင်ပါတယ်" လို့ ဆိုပါတယ်။