The network connection is lost.

Banner Image

ဘာနေဗျူးမှာ မန်စီးတီးကို ဗယ်လ်ဗာဒီရဲ့ဟက်ထရစ်ဖြင့် ဂိုးပြတ်အနိုင်ယူတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် ၃-၀ မန်စီးတီး (ပွဲပြီးရလဒ်)

စပိန်မြေ၊ ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင်ရီးရဲလ်မက်ဒရစ်က ဧည့်သည်မန်စီးတီးကို နည်းဗျူဟာပိုင်းအသာစီးရယူပြီး ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ အခုပွဲစဉ်၊ ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာတင် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်တာဝန်ယူထားတဲ့ ဗယ်လ်ဗာဒီက သူ့ရဲ့ဟက်ထရစ်ဖြင့် အိမ်ရှင်တွေအတွက် အနိုင်ဂိုးတွေကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာလည်း ရီးရဲလ်မက်ဒရစ်တို့ ပယ်နယ်တီတစ်ကြိမ်ရရှိခဲ့ပြီး ဗင်နီစီးယက်စ်ရဲ့ကန်သွင်းမှုကို ဂိုးသမားဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့လို့ သွင်းဂိုးတော့ မဖြစ်လာခဲ့ပါဘူး။ တဖက်မှာလည်း အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လတ်တလောပွဲကျပ်ကာလတစ်ခုကို ဖြတ်သန်းရတော့မယ့် ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် ဖိအားများလာခဲ့ပါတယ်။