The network connection is lost.

Banner Image

ဂျူဗင်တပ်စ်မှခေါ်ယူထားတဲ့ အိုပန်ဒါရဲ့အငှားစာချုပ်ကို စောစောစီးစီးဖျက်သိမ်းဖို့ လိုင်ယွန် စဉ်းစားနေ

နည်းပြအပြောင်းအလဲ ပြုလုပ်ပြီးနောက် ဂျူဗင်တပ်စ်မှခေါ်ယူထားတဲ့ အိုပန်ဒါရဲ့ အငှားစာချုပ်ကို စောစောစီးစီးဖျက်သိမ်းသွားဖို့ လိုင်ယွန်အသင်း စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ လိုင်ယွန်နည်းပြသစ်ကားလို့စ်ဗီဆန်းစ်က မတူညီတဲ့တိုက်စစ်ကစားသမားပုံစံမျိုး အလိုရှိနေတာကြောင့် လာမယ့်ဇန်နဝါရီလမှာပဲ တူရင်မြေဆီ အသက် ၂၆ နှစ်အရွယ်ဘယ်လ်ဂျီယံတိုက်စစ်မှူး ပြန်လည်ရောက်ရှိသွားနိုင်တယ်လို့ သိရပါတယ်။

အိုပန်ဒါက နည်းပြဟောင်းပေါ်လိုဖွန်ဆီကာလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်နေရာတစ်ခုကို စောစောစီးစီး ရယူနိုင်ခဲ့ပေမဲ့ ဗီဆန်းစ်ရောက်ရှိလာပြီးနောက်ပိုင်း သူ့ရဲ့အနာဂတ် မရေမရာ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ခွဲစိတ်ကုသမှုခံယူရမယ့် ခြေထောက်ဒဏ်ရာကြောင့်လည်း ပြင်သစ်ကလပ်မှာ သူ့ရဲ့ရေရှည်အလားအလာတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။

အကယ်၍ လိုင်ယွန်ဘက်က အငှားစာချုပ်ကို အဆုံးသတ်မယ်ဆိုရင် ဂျူဗင်တပ်စ်က ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း ဒီတိုက်စစ်မှူးကို အပြီးသတ်ရောင်းထုတ်နိုင်မယ့် လမ်းစတစ်ခု ရှာဖွေသွားနိုင်ပါတယ်။

အိုပင်ဒါက ၂၀၂၅ ခုနှစ်၊ လိုက်ပ်ဇစ်မှ ဂျူဗင်တပ်စ်ဆီ ယူရို ၄၃ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အီတလီမြေမှာ ရုန်းကန်ခဲ့ရပြီးနောက် ပြိုင်ပွဲစုံ ၃၄ ပွဲကစား၊ နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။