The network connection is lost.

Banner Image

ဘာစီလိုနာရဲ့စိတ်ဝင်စားမှုကိုရရှိနေကြောင်း ဖွင့်ဟလာတဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းက ဘာစီလိုနာအသင်းက သူ့ကို စိတ်ဝင်စားနေတဲ့အပေါ် ဂုဏ်ယူမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌလောင်းဖြစ်သူ ဇာဗီယာ ဗီလာဂျိုနာက လာမယ့်ရာသီမှာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် သူ့ရဲ့အဖွဲ့က ကြိုးစားနေတယ်လို့ ထုတ်ဖော်ပြောဆိုထားတာပါ။ ဒါပေမဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ကတော့ သူ့ဆီကို ကမ်းလှမ်းလာတာမျိုး တစ်စုံတစ်ရာ မသိရှိသေးဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

"ကျွန်တော် ဒါနဲ့ပတ်သက်ပြီး ဘာမှမကြားမိသေးပါဘူး။ ဒီကိစ္စတွေအားလုံးကို ကျွန်တော့်အဖေနဲ့ အစ်ကိုဖြစ်သူတို့ကပဲ စီစဉ်နေတာပါ၊ ဒါပေမဲ့ သူတို့ကလည်း ကျွန်တော့်ကို ဘာမှမပြောပြသေးပါဘူး။ အရင်က ပြောဖူးသလိုပါပဲ၊ ကျွန်တော် ဒီဘိုင်ယန်မြေမှာ အရမ်းကို ပျော်ရွှင်နေပါတယ်။ လက်ရှိရာသီနဲ့ ဘိုင်ယန်မှာ ကုန်ဆုံးနေတဲ့ ကျွန်တော့်ရဲ့ အချိန်တွေအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ဒီလို စိတ်ဝင်စားခံရတာကို ချီးမွမ်းစကားတစ်ခုအဖြစ်ပဲ မှတ်ယူထားပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။