The network connection is lost.

Banner Image

နေပယ်လ်မြေချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ နာပိုလီနဲ့ ရိုးမား

နာပိုလီ ၂-၂ ရိုးမား (ပွဲပြီးရလဒ်)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါနေတဲ့ စီးရီးအေထိပ်သီးကလပ်အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံမှုမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် ဦးဆောင်ဂိုးကို မာလန်ရဲ့အဆုံးသတ်ပိုင်နိုင်မှုမှတဆင့် ပွဲချိန်အစောပိုင်းမှာတင် ဧည့်သည်တို့ရရှိခဲ့ပြီး စပင်နက်ဇ်ဇိုလာက ပထမပိုင်းပွဲချိန်မပြီးဆုံးခင် အိမ်ရှင်တွေအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာလည်း မာလန်က ပင်နယ်တီမှတဆင့် ရိုးမားအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားသမားအလီဆင်ဆန်းတို့စ်က အိမ်ရှင်တွေအတွက် အဖိုးတန်ချေပဂိုးကို အဝေးကန်ချက်မှတဆင့် လှလှပပသွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် နာပိုလီ၊ ရိုးမား၊ ဂျူဗင်တပ်စ်တို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နှစ်နေရာစာတိုက်ပွဲ ဆက်လက်အသက်ဝင်နေပါတယ်။