လီဗာပူးမှ ထွက်ခွာလာမယ့် မိုဆာလက်ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတဲ့ ရိုးမား
ရိုးမားက လီဗာပူးတိုက်စစ်မှူးမိုဟာမက်ဆာလက်ကို ဒီနွေရာသီမှာ အသင်းဆီ ပြန်လည်ခေါ်ယူဖို့အတွက် ဖြစ်နိုင်ခြေတွေကို လေ့လာစုံစမ်းနေပါတယ်။
လီဗာပူးအသင်းမှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် မိုဆာလက်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အသင်းမှထွက်ခွာမယ်လို့ မကြာသေးခင်ရက်ပိုင်းအတွင်း အတည်ပြုကြေညာခဲ့ပါတယ်။
ဒါကြောင့် ရိုးမားအသင်းက အီဂျစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ ပြင်ဆင်နေပေမဲ့ အပြောင်းအရွှေ့သဘောတူညီမှု ရ၊ မရ ဆိုတာကတော့ စောင့်ကြည့်သွားရပါဦးမယ်။
ဒီအပြောင်းအရွှေ့အတွက် မိုဆာလက်က လက်ရှိတစ်နှစ်လစာ ယူရို ၁၂ သန်းမှ လေးသန်းအထိ လျှော့ချပေးရဖို့ရှိသလို အကယ်၍ သဘောတူညီမှုရခဲ့မယ်ဆိုရင်လည်း ကာလတိုစာချုပ်တစ်ခုပဲ ဖြစ်လာဖို့ များပါတယ်။
မိုဆာလက်က ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အထိ ရိုးမားမှာ ကစားခဲ့ဖူးပြီး ပြိုင်ပွဲစုံ ၈၃ ပွဲကစား၊ ၃၄ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။