The network connection is lost.

Banner Image

အေစီမီလန်ကြယ်ပွင့် ပူလီဆစ်ကို ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အေစီမီလန်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ခရစ်စတီယန် ပူလီဆစ်ကို ခေါ်ယူဖို့ အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၇ နှစ်အရွယ် အမေရိကန်လက်ရွေးစင်ကြယ်ပွင့် ပူလီဆစ်ဟာ ၂၀၂၃ ခုနှစ်က ချဲလ်ဆီးအသင်းကနေ အေစီမီလန်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ အားထားရဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့တာပါ။

၎င်းဟာ အေစီမီလန်အတွက် ၁၂၁ ပွဲ ကစားပေးထားရာမှာ သွင်းဂိုး ၄၃ ဂိုးအထိ သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၂၂ ကြိမ်အထိ ပြုလုပ်ထားနိုင်တဲ့အထိ ခြေစွမ်းပြနေတာလည်း ဖြစ်ပါတယ်။

GiveMeSport ကတစ်ဆင့် ဖော်ပြလာတဲ့ ကယ်လ်စီယို မာကတ်တို ရဲ့ သတင်းတွေအရ ပူလီဆစ်ရဲ့ အီတလီမြေက တောက်ပတဲ့ခြေစွမ်းဟာ မန်ယူအသင်းရဲ့ အာရုံစိုက်မှုကို ရရှိစေခဲ့တာဖြစ်ပြီး သူ့ကို ပရီးမီယားလိဂ်ဆီ ပြန်လည်ခေါ်ဆောင်လာဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

အေစီမီလန်အသင်းအနေနဲ့ ပူလီဆစ်ကို လက်လွှတ်ဖို့ ဝန်လေးနေပေမဲ့ ပေါင် ၄၈ သန်းဝန်းကျင်ရှိမယ့် ကမ်းလှမ်းမှုမျိုး ရရှိလာမယ်ဆိုရင်တော့ ဒီအပြောင်းအရွှေ့ကို ခွင့်ပြုပေးသွားဖွယ် ရှိနေပါတယ်။

လက်ရှိမှာတော့ ပူလီဆစ်နဲ့ အေစီမီလန်တို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကတော့ ထူးထူးခြားခြား တိုးတက်မှုမရှိသေးဘူးလို့လည်း သိရပါတယ်။