ကာကက်ဇ်ရဲ့နေရာမှာ ဘွန်ဒက်လီဂါကြယ်ပွင့်တစ်ဦးနဲ့ အစားထိုးဖို့ အီရာအိုလာ စဉ်းစားလာနိုင်
လီဗာပူးနည်းပြအီရာအိုလာက သြဂုတ်လအစောပိုင်းမှာတင် အပြောင်းအရွှေ့တချို့ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
ဘုန်းမောက်မှ မာဆေးဆိုဒ်ဆီ ပြောင်းရွှေ့လာပြီးနောက် ဒီစပိန်လူမျိုးနည်းပြက အန်ဖီးလ်အတွက် သူ့ရဲ့ရည်မှန်းချက်ကြီးတွေကို ချပြခဲ့ပြီး ဗစ်တာမူနော့ဇ်နဲ့ ဂျက်ကွက်တို့လို ကစားသမားတွေကိုလည်း အသင်းဆီ ခေါ်ယူထားပါတယ်။
ဒါပေမဲ့ အီရာအိုလာက အသင်းရဲ့အဓိကနေရာတွေကို အားဖြည့်ဖို့အတွက် တခြားရွေးချယ်စရာတွေကိုပါ ရှာဖွေနေပါတယ်။ လက်ရှိမှာတော့ ဘုန်းမောက်ကစားသမားဟောင်းဖြစ်တဲ့ ကာကက်ဇ်ကို ဘယ်နောက်ခံအစွန်နေရာအတွက် ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပေမဲ့ နည်းပြကတော့ အဲ့ဒီနေရာအတွက် အလေးအနက်ထား စောင့်ကြည့်နေပါတယ်။
တော့တင်ဟမ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရော်ဘတ်ဆန် ထွက်ခွာသွားမှု၊ အငှားထွက်ကစားနေတဲ့ ဆီမီကတ်စ် ပြန်လည်ရောက်ရှိလာမှုတို့ကြောင့် နည်းပြဟောင်းအန်းစလော့လက်အောက် ဗွေဆော်ဦးဘောလုံးရာသီမှာ ရုန်းကန်ခဲ့ရတဲ့ ကာကက်ဇ်အတွက် အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဘုန်းမောက်ကို တာဝန်ယူနေချိန် အီရာအိုလာကိုယ်တိုင်ပဲ ကာကက်ဇ်ကို ရောင်းချဖို့ ခွင့်ပြုပေးခဲ့ပြီး သူ့နေရာမှာ ထရက်ဖတ်ကို ယုံယုံကြည်ကြည် အစားထိုးခဲ့ပါတယ်။ ဒါကြောင့် ကာကက်ဇ်ကို ထိပ်တန်းအဆင့်မှာ အသုံးပြုဖို့အတွက် နည်းပြဆီမှာ ယုံကြည်မှုရှိနေပါ့မလားဆိုတာ စိုးရိမ်စရာကောင်းနေပါတယ်။
Caught Offside ရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းရဲ့ဆဗန်ဆန်က အီရာအိုလာရဲ့ပစ်မှတ်စာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီဆွီဒင်လက်ရွေးစင်ကစားသမားက လိုအပ်ရင် ကွင်းလယ်မှာလည်း ကူညီကစားပေးနိုင်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဆဗန်ဆန်က ဒေါ့မွန်နဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ကာကက်ဇ်အစား တခြားပုံစံတစ်မျိုးနဲ့ သွားချင်တယ်လို့ အီရာအိုလာ ဆုံးဖြတ်လာမယ်ဆိုရင် လီဗာပူးက ဆဗန်ဆန်အတွက် ပေါင် ၂၅ သန်းထက်မနည်းတဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်ပြီးမှသာ အပြောင်းအရွှေ့ ဆွေးနွေးမှု စတင်သွားနိုင်ပါလိမ့်မယ်။