The network connection is lost.

Banner Image

ဂရာနစ်ဇာခါအတွက် ချဲလ်ဆီးရဲ့ ပထမဆုံးကမ်းလှမ်းမှုကို ဆန်းဒါးလန်း ပယ်ချ

ဆန်းဒါးလန်းအသင်းဟာ သူတို့ရဲ့ အဓိကကွင်းလယ်လူ ဂရာနစ်ဇာခါအတွက် ချဲလ်ဆီးအသင်းရဲ့ ပထမဆုံးကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် ဇာခါကို ချဲလ်ဆီးက အခုလို စိတ်ဝင်စားနေတာဟာ လေဗာကူဆင်အသင်းမှာ ဇာခါကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြသစ် ရှာဘီအလွန်ဆိုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဂျာမနီကလပ်ကနေ ဆန်းဒါးလန်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဇာခါဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသလို အသင်းကို အမှတ်ပေးဇယား အဆင့် (၇) ရရှိအောင်နဲ့ ၅၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့သူပါ။

The Athletic ရဲ့ ဖော်ပြချက်အရ ဆွစ်ဇာလန်လက်ရွေးစင် ကစားသမားအတွက် ချဲလ်ဆီးရဲ့ ပေါင် ၈ သန်းနဲ့ ကမ်းလှမ်းမှုကို ဆန်းဒါးလန်းဘက်က ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဘက်က ဒီဈေးနှုန်းဟာ သင့်တော်တယ်လို့ ယူဆနေပေမဲ့ ဆန်းဒါးလန်းကတော့ ဒီနွေရာသီမှာ ဇာခါကို ဘယ်ဈေးနဲ့မှ ရောင်းမှာမဟုတ်ဘူးလို့ အဲဒီသတင်းမှာ ထပ်လောင်းဖော်ပြထားပါတယ်။

ဇာခါဟာ ဆန်းဒါးလန်းနဲ့ ၂၀၂၈ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေသေးပေမဲ့ တချို့သတင်းတွေမှာတော့ သူဟာ ချဲလ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိထားပြီးပြီလို့လည်း ဆိုနေကြပါတယ်။