ဂျာမန်လူငယ်နောက်ခံကစားသမားလူကာနက်ဇ်ကို အပြီးသတ်ခေါ်ယူခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်ဖောရက်စ်က မိုချန်ဂလာဘတ်အသင်းလူငယ်ကြယ်ပွင့်ခံစစ်မှူးလူကာနက်ဇ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်ဂျာမန်လူငယ်ကစားသမားက အခုရာသီ၊ မိုချန်ဂလာဘတ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ပါဝင်ကစားပေးထားပြီး ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။အငှားဖြင့်လာရောက်ကစားနေတဲ့ ဇင်ချန်ကိုထွက်ခွာသွားပြီးနောက် ခံစစ်ဘယ်အစွန်နေရာအတွက် အင်အားဖြည့်တင်းဖို့ နော်တင်ဟမ်ဖောရက်စ်အသင်း လိုလားခဲ့ပါတယ်။
အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ပထမဆုံးအင်တာဗျူးမှာ လူကာနက်ဇ်က "ကျွန်တော်ကတော့ စိန်ခေါ်မှုအသစ်တွေနဲ့ ကျွန်တော့်ရဲ့ ကစားသမားဘဝ နောက်ထပ်ခြေလှမ်းသစ်တစ်ခုအတွက် အဆင်သင့်ဖြစ်နေပါပြီ။
အသင်းနဲ့အတူ စတင်ပါဝင်ကစားနိုင်ဖို့ အလွန်စိတ်အားထက်သန်နေသလို စီးတီးဂရောင်းကွင်းကြီးမှာ ပရိသတ်တွေနဲ့တွေ့ဆုံဖို့အတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။