ရန်းနက်စ်လူငယ်ကြယ်ပွင့်နောက်ခံလူ ဂျာကေးကို ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ လီဗာပူး
လီဗာပူးအသင်းက ပြင်သစ်လီဂူးဝမ်းကလပ် ရန်းနက်စ်လူငယ်ကြယ်ပွင့်ခံစစ်မှူးဂျာကေးကို လာမယ့်နွေရာသီမှာခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းဖြစ်တဲ့ လီဗာပူးဟာ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဂျာကေးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထိ အသုံးပြုခဲ့ပါတယ်။
အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဒီနောက်ခံလူကို ခေါ်ယူနိုင်ဖို့ လီဗာပူးက ချဲလ်ဆီးနဲ့အပြိုင်ကြိုးပမ်းခဲ့ရပြီး နောက်ဆုံးမှာတော့ ပြိုင်ဘက်ကို ကျော်ဖြတ်ကာ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဂျာကေးက လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ နည်းပြအန်းစလော့ရဲ့ အသင်းနဲ့စတင်ပူးပေါင်းပါလိမ့်မယ်။
ဂျာကေးဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ရန်းနက်စ်စီနီယာအသင်းအတွက် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ၃၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။