The network connection is lost.

Banner Image

ဆွစ်ဇာလန်ကြယ်ပွင့်အမ်ဘိုလိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဟားလ်စီးတီးနဲ့ အစ်ဆွစ်

အခုနွေရာသီမှာ ရန်းနက်စ်နဲ့ဆွစ်ဇာလန်လက်ရွေးစင်တိုက်စစ်မှူးအမ်ဘိုလိုကို ခေါ်ယူဖို့အတွက် ဟားလ်စီးတီးနဲ့ အစ်ဆွစ်တို့ စိတ်ဝင်စားနေကြတယ်လို့ ပြင်သစ်အခြေစိုက်သတင်းရပ်ကွက်မှ သိရပါတယ်။ 

အသက် ၂၉ နှစ်အရွယ် အမ်ဘိုလိုက ယမန်နှစ်နွေရာသီ၊ မိုနာကိုအသင်းမှ ရန်းနက်စ်အသင်းဆီ ယူရို ၁၃ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်းသစ်အတွက် ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ်ခဲ့ပေမဲ့ ခြေစွမ်းပိုင်း အတက်အကျ ရှိခဲ့ါပတယ်။

ဒါပေမဲ့ အမ်ဘိုလိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဆွစ်ဇာလန်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ကာ အသင်းကို ကွာတားဖိုင်နယ် တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒါပေမဲ့ အာဂျင်တီးနားနဲ့ရင်ဆိုင်ရချိန်၊ အနီကတ်ပြသခံရမှုကြောင့် သူ့ရဲ့ကမ္ဘာ့ဖလားခရီးစဉ်က အငြင်းပွားဖွယ် အဆုံးသတ်သွားခဲ့ပါတယ်။ လက်ရှိမှာ သူ့ကို စီးရီးအေကလပ်အသင်းအချို့နဲ့ မေဂျာလိဂ်ကလပ်အတ္တလန်တာယူနိုက်တက်တို့က စောင့်ကြည့်နေပြီး အတ္တလန်တာယူနိုက်တက်က အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အမ်ဘိုလိုကတော့ အင်္ဂလန်မြေမှာ သွားရောက်ကစားဖို့အတွက် ပိုမိုအာသီသရှိနေပြီး ပရီးမီးယားလိဂ်ဆီတန်းတက်လာတဲ့ ဟားလ်စီးတီးနဲ့ အစ်ဆွစ်တို့အတွက် လမ်းဖွင့်ပေးထားပါတယ်။