The network connection is lost.

Banner Image

ပြင်သစ်မြေမှာတောက်ပနေတဲ့ လီဗာပူးကြယ်ပွင့်ဟောင်းကို အပြိုင်ကမ်းလှမ်းဖို့ပြင်ဆင်နေတဲ့ ငှက်ကျားနဲ့ ဖောရက်စ်

လိုင်ယွန်ကွင်းလယ်ကစားသမားတိုင်လာမော်တန်ကို ခေါ်ယူဖို့အတွက် ၂၀၂၇ ခုနှစ်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့အပြိုင် ကမ်းလှမ်းသွားဖို့ နယူးကာဆယ်လည်း အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ကွင်းလယ်လူက လီဂူးဝမ်းမှာ ဆက်လက်ခြေစွမ်းပြနေပြီး လူအင်အားတိုးမြှင့်လိုနေတဲ့ နယူးကာဆယ်အတွက် နွေရာသီ၊ အဓိကပစ်မှတ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကတော့ မော်တန်ကို ကာလရှည်စောင့်ကြည့်ခဲ့ဖူးပြီး ၂၀၂၅ ခုနှစ်မှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ လီဗာပူးရဲ့ငြင်းပယ်မှုကိုသာ ရရှိခဲ့ပါတယ်။

နယူးကာဆယ်က နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အသင်းခေါင်းဆောင်ဂူမာယေးစ်နဲ့ အီတလီကြယ်ပွင့်တိုနာလီတို့ကို ဆုံးရှုံးလိုက်ရပြီး နီကိုဂွန်ဇာလက်ဇ်နဲ့ ရှောင်စတူအာတို့ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဒါပေမဲ့ ဘောလုံးပိုင်ဆိုင်မှုပိုမိုအားပြုကစားတတ်တဲ့ မော်တန်ရဲ့ကစားဟန်ကြောင့် နည်းပြဂျေဆဲလ်ရဲ့ကွင်းလယ်ပိုင်းအတွက် ဆန်းသစ်တဲ့အရာတစ်ခုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လိုင်ယွန်ဘက်ကတော့ အသက် ၂၃ နှစ်အရွယ်ကစားသမားအတွက် ဇန်နဝါရီလကမ်းလှမ်းလာမှုအားလုံးကို လက်ခံစဉ်းစားပေးသွားဖို့ မရှိဘူးလို့ Football Insider ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြင်သစ်မြေမှာ စာချုပ်သက်တမ်းရှိနေဆဲဖြစ်တဲ့ မော်တန်အတွက် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမတိုင်ခင် လီဗာပူးဆီပေးချေခဲ့ရတဲ့ ယူရို ၁၅ သန်းရဲ့နှစ်ဆနီးပါးအထိ လိုင်ယွန်က တောင်းဆိုလာနိုင်ပါတယ်။